A Marriage 11

2K 209 3
                                    

" ဆိုင်ကို လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်  လေဒီ "

" အဟွန်း! သူအပြောကောင်း "

" နောက်လည်း လာအားပေးဦးမယ်မလား "

" နာမည်လေးပြောပြရင်တော့ တစ်မျိုးပေါ့ "

" ငွေချေပြီးရင်လည်းသွားခိုင်းပါတော့လား။ဧည့်သည့်ကို ဘာစကားတွေ များနေတာလဲ "

" မောင်ကလည်း ငါက ဒီမှာ ကူရောင်းပေးနေတာကို "

တမောင်မောင်နဲ့ နားကြားပြင်းတဲ့ကပ်ရတဲ့ ဒီခေါ်သံကို ရိပေါ်က နေသားကျနေပြီ။တစ်ခါတစ်ခါစကားပြောမိရင် ' မောင်ကလေ ' ဆိုပြီး အစမချီမိအောင် ကိုယ့်ကိုကိုယ် ပြန်ထိန်းနေရတဲ့အထိ။သူ့ကို အကျင့်ဖြစ်အောင်လုပ်နေတာ ဒီလူက။

" ခင်ဗျားကွေးနေတာ လူတိုင်းသိတယ်။အပိုမပြောနဲ့ "

ဆိုင်အဝက ရိပေါ်ကလှမ်းဆူတော့ ထိုလူက မျက်နှာကိုငယ်ပြသည်။ရိပေါ်လုပ်နေတဲ့ဆိုင်ကို အဲ့လူ ကူညီပြီးရောင်းပေးနေတာ တစ်လဝန်းကျင်ရှိသွားပြီ။ကူညီပြီးရောင်းပေးတယ်ဆိုတိုင်း ရှောင်းကျန့်လိုလူကို အထင်မကြီးလိုက်နဲ့။တအိအိနဲ့ အနားကကို မခွာတာ။အဲ့လောက်တောင်ဖြစ်ပျက်နေတာ ပေါင်ပေါ်ပဲ တစ်ချိန်လုံး
တင်ထားရမလားလို့ ဝမ်ရိပေါ်ကတွေးမိသေးတယ်။အဲ့လိုမျိုးသာ လုပ်လို့ကတော့ ရှောင်ကျန့်တို့အကြိုက်ပေါ့ အဟင်း။

သူပြောတဲ့ မောင့်ရဲ့ကျန့်က
လူကသာ ဂေးနေတာ။မိန်းကလေးတွေလာရင် ပြောလိုက်ရတဲ့စကား၊လွှတ်လိုက်ရတဲ့ တော်ကီတွေ။
ရောင်းအားကောင်းလာတာကို ဝန်ခံပါရဲ့။အဲ့ဒီအီစီကလီစကားသံတွေကိုတော့ မကြားချင်မှအဆုံးပဲ။အခုလည်း ကိုယ်က ပစ္စည်းပြတ်နေလို့ ဂိုထောင်အထိ ပစ္စည်းသယ်ပြီးပြန်လာတာ။သူကတော့ ပန်ကာလေအောက်မှာ ဝယ်သူနဲ့ အပေးအယူတွေတည့်နေလိုက်ပုံများ။မောမောနဲ့ ပြန်လာတဲ့ လူကိုရင်ဝကနေ စောင့်ကန်ထည့်လိုက်တဲ့အတိုင်းပဲ။

ကဲ ဆူမိတာ ဝမ်ရိပေါ် အမှားလားပြော။

" မောင်က ငါ့ပဲဆူနေတော့တာ "

" ကျွန်တော့်စီမှာပဲ အချိန်ဖြုန်းနေတော့မှာလား "

" ဘယ်ကသာ အချိန်ဖြုန်းရမှာလဲ။ငါက မောင်နဲ့ စက္ကန်တိုင်းကို အတူကုန်ဆုံးနေတာ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now