A Marriage 24

1.8K 165 0
                                    


" မောင် ကျောင်းဆက်တက်ရမလား ချစ်သည်း "

ကုတင်ခြေရင်းမှာ အဝတ်ခေါက်နေတဲ့ ချစ်သည်းက ကုတင်ပေါ်အပြေးတက်လာခဲ့၏။ကိုယ်ကျောင်းတက်ရမဲ့အရေးက သူ(ရှောင်းကျန့်)
တက်ရမဲ့အတိုင်းပျော်ရွှင်နေတဲ့ ချစ်သည်းကို ကြည့်ပြီး ရိပေါ် သူ့ဆုံးဖြတ်ချက်မှန်သလိုလို ရှိလာပြီဟု ထင်မိသည်။

မားက သူ့ကိုကျောင်းဆက်တက်စေချင်သည်။အဖေကတော့ ဘာမှမပြော။သူက မားရဲ့ဆန္ဒကို နားလည်ပါသည်။သူတို့ အနှစ်နှစ်အလလပျိုးထောင်ပေးခဲ့ရတဲ့သားဆိုတော့ ကျောင်းပြီးအောင်တက်ပြီး ဘွဲ့တစ်ခုလောက်တော့ ရစေချင်မှာပဲ။သူက ချစ်သည်းကို မပင်ပန်းစေချင်ပါ။သူကျောင်းဆက်တက်မယ်ဆို ထောက်ပံ့ရမဲ့သူက အဖေတို့မဟုတ်ဘဲ ချစ်သည်းဖြစ်သွားမည်။

" ဒါပေါ့ မောင်ရယ်။ကောင်းတာပေါ့။ကျောင်းတက်မှကို တက်ရမှာ "

" မောင် ချစ်သည်းကို အားနာလွန်းလို့ရူးတော့မှာပဲကွာ "

" မောင်ရယ်...ဘာကို အားနာရမှာလဲ။ငါက ဘွဲ့လွန်ဆက်မတက်ရင်ရနေပြီမလို့ မတက်တာ။မောင်ကတော့ အဲ့လိုမဟုတ်ဘူးလေကွာ! အခုမှ ဒုတိယနှစ်ရှိသေးတာမလား။တကယ့်ကို ပညာသင်ကောင်းတဲ့အရွယ်လေ မောင်ရဲ့။ဘာမှအများကြီးမတွေးနဲ့ မောင်က ကျောင်းတက်ပြီးစာကြိုးစားရင် ရပြီ "

" မောင် တကိုယ်ကောင်းဆန်တယ်မလား "

မေးဖို့မလိုအောင်ကို ဝမ်ရိပေါ်က တစ်ကိုယ်ကောင်းဆန်နေမိလည်း ချစ်သည်းက အပြုံးမပျက်။ရိပေါ်အတွက် ကျောင်းဆက်တက်မယ် ဆိုတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရတာ လွယ်တော့မလွယ်ကူပေ။မျက်နှာပြောင်တိုက်တိုက်နဲ့ ချစ်သည်းရဲ့လုပ်စာကို ထိုင်စားရဦးမယ် တွေးမိတော့ သူအလုပ်လိုချင်လာသည်။

အလုပ်ကြမ်းတွေဆို မားနဲ့ချစ်သည်းက ရိပေါ်ကို လုံးဝ မလုပ်ခိုင်း။ချစ်သည်းလို လေအေးပေးစက်အခန်းထဲမှာ အလုပ်လုပ်ချင်ရင် အနည်းတော့ ဘွဲ့တစ်ခုလောက်ရမှ ဖြစ်မှာ!

" ဟေ့ကောင် ရိပေါ်။ငါက မင်းထပ်အကြီးနော်!
မင်း ငါပြောတာပဲ နားထောင်ရမယ် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now