A Marriage 51

1.4K 94 0
                                    

"  ရိပေါ်....ငါတို့ဒီမှာ "

" ဟေ့လူတွေ ဒါကျုပ်သူငယ်ချင်းတွေ တံခါးဖွင့်ပေးလိုက် "

အိမ်ထဲဇွတ်ဝင်ဖို့လုပ်နေတဲ့ ဝမ်ဟောက်ရွှမ်းကို စုန်ကျိရန်က လက်မောင်းကနေဆွဲပြီးတားနေတဲ့ မြင်ကွင်းရယ်။​ညနေသုံးနာရီ နေပူပူကြီးထဲက ဟောက်ရွှမ်းမျက်နှာမည်းမည်းကြီးရယ် ၊
ဝမ်ဟောက်ရွှမ်း နှစ်ကိုယ်စာ မျက်မှန်းအမည်းနဲ့လူတွေက တံခါးရှေ့ပိတ်ရပ်နေတဲ့ မြင်ကွင်းများကို ပေါင်းစပ်လိုက်တော့ တကယ့်ကို ဗရုတ်သုတ်ခဖြစ်ဖွယ်အတိပဲ။

" ဝင်လို့ရပါပြီဗျ "

" ကျုပ်ပြောသားပဲ။ဝမ်ရိပေါ်နဲ့ကျုပ်က သူငယ်ချင်းပါဆိုတာကို လူကိုမယုံတဲ့ပုံစံတွေနဲ့ အိမ်ထဲပေးမဝင်ဘူး "

" ဝမ်ဟောက်ရွှမ်း မင်းအခုထိမတော်နိုင်သေးဘူးလား။ငါတို့လာလည်တာ သာမာန်အိမ်တစ်ခုမဟုတ်သေးလေ။ဝန်ကြီးအိမ်ယာဆိုတော့ ဒီလောက်တော့စည်းကမ်းတင်းကြပ်ရမှာပေါ့ "

" ကျုပ်က ခင်ဗျားလောက်အကောင်းမြင်မပေးနိုင်၊ခန္တီပါရမီတွေ ပြည့်စုံမနေလို့ သည်းမခံတက်ဘူး ရှင်းလား "

" အကိုစုန်ရောပါလာတာပဲ။အိမ်ထဲဝင်ဦးလေ "

" ဝင်မှာ! ဝင်ဦးမှာ မပူနဲ့။နှမပေးလေးက စောစောစီးစီးထွက်မကြိုဘူး။ငါတို့စောင့်နေရတာ လသာတယ်များမှတ်နေသလား "

ရိပေါ်လည်း အပြစ်မကင်းဘူးခံစားရလို့ စကားချိုမိပါတယ်။ဝမ်ဟောက်ရွှမ်းဆိုတဲ့ကောင်က မရှိတဲ့နှမကိုပါပေးခိုင်းနေတယ်!

" ရိပေါ် ဒါလေးသယ်ပါဦးလားဗျ။ကျွန်တော့်လက်တွေတော်တော်နာနေပြီ "

လူ့ခါးတစ်ရပ်စာရှိတဲ့ လက်ဆောင်ခြင်းကြီးကို ကြည့်ရုံနဲ့ကိုတော်တော်လေးမယ်မှန်းသိသာနေတာကို စုန်ကျိရန်က အောက်မချဘာမချနဲ့ လက်ထဲတစ်ကိုင်ကိုင်လုပ်နေတာကို ဟောက်ရွှမ်းက စောက်မြင်တွေကတ်လွန်းလို့ တမင်ကူသယ်မပေးတာ။

အရင်က သူ့မျက်နှာကိုလျှာနဲ့ယက်လည်း စုန်ကျိရန်က မှတ်မယ်မထင်နဲ့။ဝမ်ရိပေါ်တို့စီ လူနာသတင်းမေးဖို့ လောဆော်နေတုန်း။ဝမ်ရိပေါ်စီသွားရဖို့အရေး တို့အရေးဖြစ်နေတဲ့ စုန်ကျိရန်က လမ်းမှာလည်း ကြိုပြီးမှာထားတဲ့ လက်ဆောင်ခြင်းကြီးနဲ့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Waar verhalen tot leven komen. Ontdek het nu