A Marriage 18

1.9K 195 0
                                    

ပုခုံးပေါ်က ထမ်းပိုးကို အောက်ချပြီး ထမ်းပိုးရဲ့တွဲချည်ထားတဲ့ ရေပုံးနှစ်ပုံးကို ရေကန်မှာ သွားထားနေတဲ့ မောင်က နဖူးမှာ ချွေးစက်တွေ သီလို့။အိမ်နဲ့ မြစ်ဆိပ်ဆို နှစ်ပြလောက် ကွာတာမလို့ ရေပုံးနှစ်ပုံးကို သုံးခေါက်လောက် ထမ်းရတဲ့ မောင်က မမောဘဲရှိပါ့မလား။မောင့်ပုခုံးမှာဆို နီညိုရောင် အစင်းကြောင်းကြီးတွေချည်ပဲ။

" ချစ်သည်း ​ချိုးဖို့ မောင်ရေခပ်ထားတယ် "

" မောင် ~ "

" ပြောလေ မောင့်ချစ်သည်းရဲ့ "

" ငါ မြစ်ဆိပ်မှာ ရေသွားချိုးလို့ရပါတယ်။နောက်ရက်ကျ မင်းရေခပ်မထားနဲ့တော့ "

" ချစ်သည်း! "

" မင်းက မြစ်ဆိပ်မှာပဲ ချိုးတယ်။ငါ့ကိုတော့ ရေခပ်ပေးတာဆိုတော့ မောင်ပင်ပန်းပါတယ်။ငါလည်း ယောကျ်ားပါ မောင်ရယ်။မင်းဒီလို အပင်ပန်း ခံစရာမလိုပါဘူး "

အိမ်ခွဲနေကတည်းက မောင်က သူ့ကို မြစ်ဆိပ်မှာ ရေမချိုးခိုင်း။အိမ်မှာ မောင်ကိုယ်တိုင် စဥ်အိုးထဲ ရေဖြည့်ပြီး သူချိုးတာကို ထိုင်စောင့်ပေးတာဖြစ်သည်။သဝန်တိုတက်တဲ့ မောင်နဲ့ ဘာမှအလုပ်မဖြစ်။သူတို့ အိမ်စဆောက်တော့လည်း ရှောင်းကျန့်က ကူညီပေးချင်သည်။မောင်က အလာမခံ။မြို့ထဲက လူအနည်းအကျင်းက အဖေတို့မျက်နှာ ကူဆောက်ပေးတာကိုတောင် ' မောင်သဝန်တိုလို့ပါ ချစ်သည်းရယ် ' ဆိုပြီး အိမ်ထဲမှာ နေစေခဲ့သူ။

မောင်က အဖြစ်သည်းလေ မားကရှောင်းကျန့်ကို အမြင်မကြည်လေ ဖြစ်သည်။သူတို့ပိုးလိုဥလာတဲ့ သားက ရှောင်းကျန့်ကိုသဲသဲလှုပ်နေတာကို မားကမကြိုက်။ဟိုတစ်နေ့ကလည်း မောင်ရေခပ်တာ မြင်ပြီး ရှောင်းကျန့်ကို ဂျိုပေး ( မျက်စောင်းထိုး)
သွားသေးသည်။အဖေကတော့ လူကြီးဖြစ်နေလို့ပေလားမသိ ဖာသိဖာသာနေတက်ပြီး အမြင်မတော်ရင်သာ ခေါ်ဆုံးမတာမျိုးဖြစ်သည်။ရှောင်းကျန့်ကလည်း အဖေ့ကို မားထပ် ပိုခင်တွယ်၏။ဘာဖြစ်ဖြစ် မောင့်မိဘကို သူ့မိဘလိုပဲ သဘောထားပါသည်။

" မောင်က ချစ်သည်းကို မြစ်ဆိပ်မသွားစေချင်လို့ ကိုယ်တိုင် ခပ်ပေးတာကို ချစ်သည်းက ဘာဖြစ်နေတာလဲ။ပင်ပန်းရင်တောင် မောင့်ခန္ဓာကိုယ် နာတာလေ။ချစ်သည်းကို ဘာထိခိုက်စေလို့လဲ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now