A Marriage 27

1.7K 175 4
                                    

" ဟောက်ရွှမ်း "

" ဟာ! နှမပေးလေး ဝမ်ရိပေါ် ။မင်းဘိုးအေပဲ!
ယောကျ်ားခိုးတုန်းက ဘာမှမတိုင်ပင်ပဲ လုပ်ချသွားတာ။ငါတို့အဆောင်ရဲ့ ရေခဲတုံးက စီနီယာရှောင်းကျန့်ကို ခိုးသွားမှတော့ ကျန်တဲ့ကောင်တွေက ရိပ်သာပဲသွားရမလို ဖြစ်နေပြီ "

" အတော်လက်သွက်တဲ့ကောင် "

ဖာသိဖာသာနေတက်တဲ့ ကျန်းချန်ကပါ ဝင်ပြောလာတော့ ဟောက်ရွှမ်းကပါ ပိုပြီး ပြောဆိုနေတော့သည်။ရိပေါ်မှာ သူငယ်ချင်းဆိုလို့ ဒီကောင်တွေပဲ ရှိတာ! တမင်လျှိုထားတာ မဟုတ်ဘဲ ရည်းစားစဖြစ်တဲ့နေ့မှာတင် ခိုးပြေးဖြစ်သွားတော့ ဘာမှ ပြောဖို့ကိုအချိန်မရလိုက်တာ။

" အခု စီနီယာရော ကျောင်းဆက်တက်ပြီလား "

" မတက်သေးဘူး။ချစ်သည်းက အလုပ်ဝင်နေတယ် "

" စီနီယာက ဘွဲ့လွန်ပြီးဖို့တစ်နှစ်ပဲလိုတော့တာကို။ကျောင်းဆက်မတက်တော့တာ နှမြောစကြီး "

" အခု မင်းတို့ ဘယ်နေနေလဲရိပေါ် "

" ငါ့ယောက္ခမတွေ အိမ်မှာ! "

" အေး မင်းယောက္ခမဆိုမှ ပြောရဦးမယ်။တကယ်ဆို ကျောင်းက မင်းနဲ့စီနီယာရှောင်းကျန့်ကို ခိုးပြေးတဲ့ညကတင် ထုတ်စာ ထုတ်ထားတာ။နောက်နေ့ကျ မင်းယောက္ခမရောက်လာပြီး မကြာဘူး။ထုတ်စာတွေကို ပြန်သိမ်းသွားတာပဲ။
ဘိုးတော်ရဲ့အာဏာကြီးက မိုက်လိုက်တာကွာ! သားအတွက်တင်မဟုတ်ဘူး။သားမက်အတွက်ပါ အပြီးအစီးလုပ်ချသွားတာ "

" မင်းတို့အကြောင်းက အခုထိ လူပြောစရာဖြစ်နေတော့ ဘယ်သူဘာပြောပြော မကြားချင်ယောင်ဆောင်နေတာက အကောင်းဆုံးပဲ "

" အင်း "

ဝမ်ရိပေါ် မာနတွေချပြီး နေဖို့ပဲ ဆုံးဖြတ်ထားပြီးသားပါ။

ချစ်သည်းမိဘအိမ်မှာ မနေချင်။ဒါက သပ်သပ်မဲ့
ဂျစ်တိုက်တာမဟုတ်ပါ။ကိုယ့်အမျိုးသားကို ကိုယ်က အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့မထားနိုင်သေးတာမှန်ပေမဲ့ ဝမ်ရိပေါ်
ဘာပဲလုပ်ရလုပ်ရလုပ်ကျွေးနိုင်ပါသည်။သူ့မိဘနဲ့လည်း သူတို့အိမ်ခွဲနေခဲ့ပြီးကာမှ ချစ်သည်းမိဘအိမ်မှ မျက်နှာပြောင်တိုက်ပြီး တက်မနေရဲပါ။သူတို့ရဲ့ အဖိုးတန်သားလေးကို နယ်မှာ တဲစုတ်နဲ့ထားရတာကိုပဲ မျက်နှာပူလှပြီ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now