A Marriage 54

2K 111 26
                                    

နှစ်ယောက်အိပ်မွေ့ရာကြီးပေါ်မှာ မှိန်းမောနေတဲ့ သူတစ်ယောက်။

ရေချိုးကန်ထဲက ဆည်ယူထားသည်ကြောင့် ချစ်သည်းလဲလျောင်းနေတဲ့ အိပ်ယာနံဘေးက ရေအစိုကွက်များဖြစ်နေကာ ကြမ်းခင်းတစ်လျှောက်မှာလည်း ရေများက အိုင်နေသည်။

" ဟင်းးး "

အိပ်ယာအခင်းစများကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အသက်မျှင်မျှင်ရှုနေသူက အခန်းတံခါးဝကို လှည့်ကြည့်လိုက် အဝတ်ဘီရိုနားက ရိပေါ်ကို လှည့်ကြည့်လိုက်နဲ့ စိတ်မဖြောင့်နိုင်ပေ။

" မောင် အင်္ကျီဝတ်ပေးမယ်နော် "

ဝမ်ရိပေါ်ရဲ့အစိမ်းရောင်လက်ပြတ်တစ်ထည်နဲ့ စပန့်ဘောင်းဘီလေးကို ထုတ်လာပြီး ချစ်သည်းခန္ဓာကိုယ်ကို အနည်းငယ်မကာ ခေါင်းကလျှိုပြီးဝတ်ပေးတော့လည်း မတုန့်ပြန်နိုင်တော့တဲ့ ချစ်သည်းက ပါးစပ်လေးဟကာ အသက်ရှုရင်း ငြိမ်သိမ်နေပြန်သည်။

အနက်ရောင်မျက်ဆံတွေဟာ အထက်ကိုလန်နေပြီး အဖြူရောင်မျက်သားပြင်ပေါ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေချေကာ မှေးထိုးသည်ဟု အများခေါ်ကြသော ပါးစပ်များ ရွဲ့စောင်းနေသည်မှာ နှုတ်ခမ်းထောင့်က မှဲ့နက်ကလေးပင် ရှာမတွေ့ပါချေ။

' ပြွတ် '

နောက်တစ်ခါဆိုတာမသေချာသော အနမ်းတစ်ခုသည်ကား ချစ်သည်းရဲ့ တစ်ဖက်နိမ့်တစ်ဖက်မြင့်ဖြစ်နေတဲ့ ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့ ဆွဲယူပြီး
နှုတ်ခမ်းထောင့်စွန်းကလေးကို အသံမြည်အောင်ထိ ဖိကပ်စုပ်နမ်းမိသည်။

" ဟင့် "

စကားပြောဖို့ကြိုးစားနေမှန်း သိသာစွာ ချစ်သည်းက ရောရောယောင်ယောင် ဝူးဝူးဝါးဝါးသာ အော်ဟစ်နေလေ၏။ဝမ်ရိပေါ်ရဲ့ လက်မောင်းကိုလည်း လွှတ်ထွက်သွားမှာဆိုးနေသည့်အလား ခေါင်းတွင်တွင်ခါရင်းအတင်းကို ဆွဲထားလေသည်။

" မောင် ချစ်သည်းကို သိပ်ချစ်တယ် ~ သိပ်ကိုချစ်ရတာ မောင့်အသည်းရယ်။မောင် ~ မောင် ချစ်သည်းကို လက်မလွှတ်ချင်ဘူးဗျာ "

" ဟင်းးးအဟင်းးးးမော ~ ငါ "

လေအေးပေးစက်ရှိတဲ့ အခန်းဖြစ်နေသော်လည်း
ရေချိုးခန်းထဲက အခုမှထွက်လာတဲ့ချစ်သည်းတစ်ကိုယ်လုံးဟာ ချွေးစေးတွေ ပိုးပိုးပေါက်ပေါက်ကျလာကာ ရိပေါ်ဝတ်ပေးထားတဲ့ အကျီလေးဟာလည်း ချွေးများနှင့် စိုနစ်နေပြီး လက်နှီးစုတ်လေးပမာဖြစ်လို့နေချေသည်။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now