A Marriage 20

1.9K 189 1
                                    


" မောင်...ငါက "

" ပါးစပ်ပိတ်ထားလို့ မောင်ပြောထားတယ်နော် ချစ်သည်း!  "

" မောင် ~ "

" မြန်မြန်လာစမ်း "

ရှောင်းကျန့်လက်ကောက်ဝတ်ကို အားပြင်းပြင်းနဲ့ ဆွဲဆောင့်ပြီး လမ်းပေါ်တရွတ်တိုက်မတက် ဆွဲခေါ်နေတဲ့ မောင်က ရှောင်းကျန့်လက်တွေ နာကျင်နေတာကို သိပါရဲ့လား။တစ်ချိန်လုံးခဲတံကိုင်ပြီး ဒီဇိုင်းတွေ ဆွဲရတာကြောင့် တစ်ရေးနိုးညတွေဆို ဆက်မအိပ်နိုင်လောက်အောင် ကိုက်ခဲနေတက်သည်။အခုလည်း ရှောင်းကျန့်လက်ထိပ်လေးတွေက အသားမာတက်ခါစလေးမလို့ အရမ်းနာနေတာ။ဒါကို မောင်က အားကြီးနဲ့ဆွဲခေါ်နေတော့ အသားနာတာရော၊ ဝမ်းနည်းစိတ်ပါ လှိုင်တက်လာသည်။

သူကတစ်လမ်းလုံး မျက်ရည်တွေကျလာသလောက် မောင်ကတည်တင်းနေ၏။အဖေနဲ့မားပင် သူတို့ရန်ဖြစ်လာကြတာလားဆိုပြီး မေးနေကြသေး၏။မောင်ကတော့ ဘာမှမဖြစ်ဘူးလို့ပြောပေမဲ့ ယုံတဲ့ပုံတော့မပေါ်။ဒီလောက် ပုံပျက်ပန်းပျက်ဖြစ်လာတာကို မောင်က ​ဗြောင်လိမ်၏။

" အင့်!  "

" ငိုနေတာလား။ခင်ဗျားကို ကျုပ်က ဘာလုပ်ရသေးလို့ ငိုနေတာလဲ ဟမ်?တဆိတ်ရှိ ဒီမျက်ရည်ကျဖို့ပဲ တက်နိုင်တာလား "

" မောင် ~ ငါမှားပါတယ် အင့် "

" မှားပါတယ် ပြောရုံနဲ့မပြီးဘူး! မင်းစော်ကားခဲ့တာ ငါ့သိက္ခာကွ! တစ်ဖက်မိန်းကလေးကို ဘယ်လောက်အားနာဖို့ကောင်းလဲ။ထင်ချင်ရာတွေထင်တယ် မြင်ချင်ရာတွေ မြင်တယ်။ပြီးတော့ ဘာလဲ...အခုမင်းက ရှာကျွေးနေရတယ်ဆိုပြီး ငါ့ကို ပြောချင်သလိုပြော စော်ကားချင်သလို စော်ကားရတယ် ဆိုတဲ့ အဓိပ္ပါယ်လား "

" မောင်! ငါသဝန်တိုပြီး ပြောချင်တာပြောလိုက်မိတာ ဝန်ခံပါတယ်။ဒါပေမဲ့ ငါရှာကျွေးရတယ် ဆိုတဲ့စိတ် ဘယ်တုန်းကမှ မထားခဲ့ဖူးတာပါ။ဖြစ်နိုင်ရင် ငါက မောင့်ကိုပညာရေးတစ်ပိုင်းတစ်စနဲ့မလို့
ငါပဲ အလုပ်လုပ်ပြီး မောင့်ကို ကျောင်းဆက်နေခိုင်းမလို့ဟာ! ငါ့မှာ တစ်ခြားစိတ်မရှိပါဘူး "

ရင်တွေလည်းနာရပါသည်။

မောင်မလို့! မောင်မလို့ သူ့မေတ္တာကို စော်ကားရက်သည်။သူမောင့်အပေါ် ဘယ်လောက် ပေးဆပ်ခဲ့သလဲ။နိုင်ငံခြားမှာ ပညာသင်ပြီး ကောင်းကောင်းမွန်မွန် နေရမဲ့ဘဝကို ဆန့်ကျင်ပြီး မောင့်ကိုခွဲရမှာဆိုးတဲ့စိတ်တစ်ခုတည်းနဲ့ ဒီလိုဘဝကို ရွေးချယ်ခဲ့တာ မောင့်ကို ချစ်လွန်းလို့။မောင့်ကို ချစ်ရုံကလွဲရင် ဘာမှမသိတဲ့သူမလို့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now