" ဒီfile ကို တစ်ချက်ကြည့်ပေးပါ "
စားပွဲခုံပေါ်တွင် ရှိနေသော စာရင်းစာအုပ်တစ်ခု။ချစ်သည်းရဲ့ ကျန်းမာရေးမှတ်တမ်းပင်။ဆရာဝန်ကြီးက ရိပေါ်လက်ထဲ ထည့်ပေးလာ၏။ဝမ်ရိပေါ်က ဆေးပညာမတက်ပေမဲ့ စာရွက်ပေါ်က ကိန်းဂဏန်းတွေက ကောင်းတဲ့သင်္ကေတမဟုတ်
ဆိုးရွားနေမှန်းတော့ သိသည်။ဒါကို သိနေတဲ့အဖေရော၊ဒယ်ဒီကပါ မျက်နှာအပျက်ပျက်နဲ့။" ကျွန်တော်တို့ လူနာရှောင်းကျန့်ကို အဆုပ်နဲ့ပက်သက်တဲ့ ဆေးအမျိုးမျိုးသုံးကြည့်ကြတယ်။ဆေးတစ်မျိုးကို တစ်ရက်နှစ်လောက်လောက်ပဲသက်သာပြီး အရင်အခြေနေတိုင်း ပြန်ဖြစ်နေရော။နောက်ထပ်ဆေးအသစ်တွေလည်း ထိုနည်း၎င်းပဲ "
" ဆရာ...ပြောချင်တာက ကျွန်တော့်ခင်ပွန်းရဲ့ရောဂါက ဆေးမတိုးတော့ဘူးလို့ပြောချင်တာလား "
" အားနာပေမဲ့ ဝမ်ရိပေါ်ပြောသလိုပါပဲ။ရှောင်းကျန့် အဆုပ်ထဲက ရေတွေကိုဖောက်မထုတ်သေးသ၍ ဘယ်ဆေးကမှ ရှောင်းကျန့်ကိုကယ်နိုင်မှာမဟုတ်ဘူး။လူနာရှင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းဆို ကလေးမွေးပြီးမှ ရေတွေကိုဖောက်ထုတ်မယ်ဆိုရင် အချိန်နောက်ကျသွားမှာစိုးရတယ် "
" ကလေးကိုဖျက်မချရင် ချစ်သည်းက သေဖို့စောင့်နေရတဲ့လူ လို့ဆရာဆိုလိုချင်တာလား "
" သားဝမ် "
အဖေက ရိပေါ်ပုခုံးကို လက်တင်ပြီး ခေါင်းရမ်းပြကာ ဆရာဝန်ကြီးကို ပြောတာကိုနားထောင်ဖို့
လှမ်းဟန့်သည်။ကိုယ့်ယောကျ်ားရဲ့ သေရေးရှင်ရေးကို ဆွေးနွေးနေရတဲ့အချိန် တစ်ဖက်က ဆရာဝန်ပြောတာကြီးကိုပဲ ထိုင်နားထောင်နေရမှာလား။ဘယ်လိုကုကု
နောက်ဆုံး သေမှာပဲ လို့ပြောနေတာကြီးကို တည်တည်ငြိမ်ငြိမ်နဲ့နားထောင်ရအောင် ဝမ်ရိပေါ်က ဝါတော်ရဘုန်းကြီးလည်း မဟုတ်။စိတ်တိုလွယ်၏။
ချစ်သည်းနဲ့ပက်သက်ရင် ရှိတဲ့မာနတွေ အောက်ချရပေးဖို့ ဝန်မလေးသလို နှုတ်ဝစီနဲ့ဖြစ်ဖြစ် ချစ်သည်း နည်းနည်းလေးတောင် အထိအပါး
အပုတ်ခတ် မခံနိုင်ပါ။
![](https://img.wattpad.com/cover/311103350-288-k145402.jpg)