A Marriage 49

1.5K 107 8
                                    

မောင့်ကို ပံ့ပိုးမှုတွေအထဲဂီတာလေး တစ်လက်၊နာရီလေးတစ်လုံးထည့်သွင်းဖို့ ရှောင်းကျန့်က တွေးတယ်။မောင့်လက်ဖြူဖြူမှာ အမဲရောင်ဒိုင်ခွက်​လေးနဲ့ နာရီတစ်လုံး။

အချိန်တွေပြတဲ့ ကိရိယာတွေရှိနေလည်း ငါနဲ့မောင်က စက္ကန့်ရေသံတွေကို မေ့ထားမယ်။ငါတစ်ယောက်လုံး မောင့်အနားမှာရှိနေတာပဲ မောင်ရယ် ~ ဘာမဟုတ်တဲ့အချိန်ဆိုတာတွေကို မေ့ထားစမ်းပါ။

ငါ့ရဲ့လက်ကို ယုံယုံကြည်ကြည်တွဲပါ မောင်ရဲ့။ငါက မောင့်ကိုသိပ်ချစ်ပေးမှာ! မောင်က ဒီကမ္ဘာမှာကံအကောင်းဆုံးလို့ တွေးမိတဲ့အထိ ငါ့ရဲ့မေတ္တာတွေနဲ့မောင့်ကို နွေးထွေးစေမှာ။ငါ့ကိုပဲ ယုံပါ။ငါ့လောက် မောင့်ကို ချစ်ပေးနိုင်တဲ့သူ ဘယ်သူမှမရှိတော့ဘူး မောင်ရဲ့။ဒါကို မောင်နားလည်ထားဖို့လိုတယ်။

' မင်းလာဖို့သင့်နေပြီ ရှောင်းကျန့် '

' မင်းမကြာခင်လာရတော့မယ် '

' ခေါင်းမာမနေနဲ့တော့။ငါတို့ မင်းကို ထပ်ပြီးအချိန်မပေးနိုင်တော့ဘူး။မင်းရဲ့ကုသိုလ်တွေနဲ့ ဆွဲဆန့်ထားရတဲ့အချိန်ကုန်ဆုံးတော့မယ် '

သူတို့က ရက်စက်လိုက်တာ မောင်ရယ်!

ငါ့ကို မောင့်စီကဆွဲထုတ်သွားချင်ကြတဲ့သူတွေ။
ငါ့မှာလေ သူတို့ရောက်လာမှာကြောက်လွန်းလို့ ညတွေဆို မအိပ်ရဲတဲ့အထိပဲ။ငါ့ကျန်းမာရေးအတွက်ဆိုပြီး ငါ့ကိုဇွတ်မအိပ်ခိုင်းပါနဲ့လား မောင်ရယ် ~ ငါအိပ်ပျော်နေတုန်း သူတို့ငါ့ဝိညာဥ်ကို ဆွဲယူသွားရင် ဘယ်လိုလုပ်မလဲ။

မင်းကို နာကျင်​ခြင်းမရှိဘဲလွတ်မြောက်ခွင့်ပေးမယ် လို့သူတို့ကမ်းလှမ်းလာကတည်းက ငါ့မှာ တစ်ယောက်တည်းမအိပ်ရဲတော့ဘူး။ငါက မောင့်ရင်ငွေ့လေးနဲ့သိပ်မှ အိပ်ပျော်တာ မောင်ရဲ့။ငါနိုးလာတဲ့အချိန်ဆို မောင့်ကိုမတွေ့မိရင် သိပ်ရင်ပူရတာပဲ။ဒါတွေကို မောင်နားမလည်ပါဘူးလေ ~

ပိုချစ်သူက အရှုံးတဲ့။အေးဆေးလွန်းတဲ့မောင်နဲ့ယှဥ်ရင် သွေးပျက်လွယ်တဲ့ငါက အရှုံးသမားကြီးဖြစ်နေပြီ ထင်ပါရဲ့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now