" ကလေးတွေ ထမင်းစားကြရအောင် "
တစ်ထပ်အိမ်ပုလေးမလို့ မား လှမ်းအော်သည်ကို သူတို့အခန်းထဲကနေ အတိုင်းသားကြားနေရသည်။နေ့လည်ခင်းကတည်းက အိပ်ပျော်သွားတာ ဘယ်လိုလုပ်ညနေစောင်းသွားမှန်းမသိ။
ရှောင်းကျန့်အတွက် ပထမဆုံးအကြိမ် ရထားစီးရခြင်းက အတော့်ကိုပင်ပန်းသည်။မောင် ငြိုငြင်မှာဆိုးလို့သာ ဘာမှမဖြစ်ဟန်ဆောင်ခဲ့တာ။တကယ်ဆို သူ့ခါးတွေရောတင်ပါးတွေပါ ညောင်းညာကိုက်ခဲနေ၏။ဒါတောင် မောင်က အခန်းတစ်ခန်းသီးသန့်ယူခဲ့တာ ဖြစ်သည်။သူများတွေလိုသာ လေးယောက်တစ်တန်းစီးရရင် ဘယ်လောက်တောင် နာမလဲ မပြောတက်။
" မောင်...ထတော့။မားက ထမင်းစားဖို့ခေါ်နေပြီ "
" အင်း "
ခရီးပမ်းတဲ့ဒဏ်ရယ် ထိုးကြိတ်ခံရတဲ့ မျက်နှာလေးက ရက်ပိုင်းအတွင်း အတော်ချောင်ကျသွားသည်။ဒီလိုကျတော့လည်း သူစိတ်မကောင်း။
" မောင် ထတော့လို့! "
အင်းအဲအင်းအဲနဲ့ မောင်က ထမဲ့ပုံမပေါ်။မပေါ်ဆို မောင်အိပ်ရေးပျက်ထားတာ နှစ်ညရှိပြီ။ရထားပေါ်မှာ တစ်လမ်းမှာ အိပ်မရတဲ့သူ့ကို မောင်က ပေါင်ပေါ်ခေါင်းတင်ပြီး စိတ်ချလက်ချ အိပ်စက်စေခဲ့သူဖြစ်သည်။သူကအိပ်ရေးဝခဲ့သလောက် မောင်က တစ်ရေးမှမမှေးခဲ့ရ။
ကိုယ်က ရောက်တာမကြာသေးတဲ့ ဧည့်သည်ဆိုတော့ အိမ်ရှင် ငြိုငြင်မှာကိုကြောက်သည်။ယောက္ခမလောင်းတွေရဲ့ ငြူစူမှုကို မခံနိုင်ပါ။သားအရင်းဖြစ်တဲ့မောင့်ကိုတောင် ရက်ရက်စက်စက် ထိုးကြိတ်နိုင်ခဲ့သေးတာပဲ။သူ့ကိုဆို ပြောမနေနဲ့တော့။ဒါ့ကြောင့် ယောက္ခမတွေ ကြည်ဖြူအောင် နေမှဖြစ်မည်။သားမက်နဲ့ယောက္ခ မတည့်လို့ မောင်စိတ်ဆင်းရဲမှာလည်း မလိုချင်ပါ။
မောင့်မျက်နှာ တစ်ကမ္ဘာလုပ်ပြီးလိုက်လာတဲ့သူက အရာအားလုံးမှာ မောင့်ကိုပဲ အားကိုးရမှာ ဖြစ်သည်။ဒီနယ်၊ဒီမြေက မောင့်ရဲ့ ဇာတိ။မောင့်နယ်ကို လာပြီး လူတွင်ကျယ် မလုပ်လို။မောင့်အရိပ်အောက်ကပဲ နေမည်။
" မောင် မထချင်ရင် အိပ်နှင့်နော်!ငါ မားတို့ကို ထမင်းဝိုင်းသွားကူပေးလိုက်ဦးမယ် "
![](https://img.wattpad.com/cover/311103350-288-k145402.jpg)