" မောင်က အသက်ရှင်မနေသင့်ဘူး "
မကျေမနပ်အသံဆာဆာလေးက စာသင်အတန်းရဲ့နောက်ဆုံးခုံကနေ ညာဘက်လက်တစ်ချောင်းထောင်ပြပြီး ထွက်လာတာ။
ပုံပြင်တစ်ပုဒ်ကိုပြောသူမဟုတ်တဲ့လူတွေ...တစ်နည်းအားဖြင့်နားထောင်သူတွေ စောဒကတက်ပိုင်ခွင့်မရှိဘူးလို့ ခံယူထားချိန် ထွက်ပေါ်လာတဲ့ အသံဝဲဝဲလေးဟာိတ်ဆိတ်နေသော စာသင်ခန်းအတွင်းက မျက်ရည်နှင့်လူများကို အံ့အားသင့်စေခဲ့သည်။
သူတို့တွေအကုန်လုံးက ဆရာပြောပြတဲ့ ပုံပြင်လေးကို ဝေဖန်ချင်ကြတယ်။နားလည်ပေးချင်ကြတယ်။ဒါပေမဲ့ ဆရာက ကြိုပြီးပိတ်ထားတဲ့အရာရှိတယ်။မင်းတို့တောင်းဆိုတဲ့ ပုံပြင်လေးကိုပြောပြမယ်...အဆုံးသတ်ကြရင် မင်းတို့အကုန်တိတ်တိတ်ဆိတ်ဆိတ်နေပေးရမယ်တဲ့။
ပုံပြောသူရဲ့ ဆန္ဒကိုသူတို့မလွန်ဆန်ရဲကြပေ။
" ကိုယ် မင်းတို့ကို စကားပြောခွင့်ပေးခဲ့သလား "
ကြည့်ကောင်းလွန်းတဲ့အမျိုးသားရဲ့စူးရှတဲ့အကြည့်တွေအောက်မှာ တစ်ဆယ့်ကိုးနှစ်သာသာရှိသေးတဲ့ သူတို့တွေအကုန် အလိုလိုခေါင်းတွေ ငုံ့လျှိုးသွားကြရသည်။
' ဆရာဝမ်က ပုံပြောအရမ်းကောင်းတယ်။အတန်းသားတွေကို နှစ်တိုင်းအဲ့ပုံပြင်လေးအမြဲပြောပြတယ်။မင်းတို့လည်း ဆရာ့ကိုတောင်းဆိုကြည့်လေ ' ဆိုပြီး စီနီယာတွေ မြှောက်ပေးသမျှနားယောင်ခဲ့မိတာ။
" ကိုယ့်စကားအပေါ် လေးစားမှုထားသင့်တယ် "
စကားလုံးတစ်လုံးချင်းစီတိုင်းက အပိုအလိုမရှိ။တိကျပြတ်သားသည်။
ဤလို ယောကျ်ားမျိုးက ဝမ်ရိပေါ်ဟုအမည်တွင်သည်။
ပေကျင်းတက္ကသိုလ် အင်ဂျင်နီယာမေဂျာက နာမည်ကြီးဆရာတစ်ယောက်က ပုံပြောကောင်းသည်တဲ့။ဆရာတစ်ဖြစ် ကုမ္ပဏီပေါင်းများစွာကို ဦးစီးနေတဲ့ သူတစ်ယောက်လည်းဖြစ်သေးကာခြောက်နှစ်တစ်ကြိမ်လုပ်တဲ့ ပေကျင်းမြို့ ဝန်ကြီးချုပ်နေရာမှာရွေးကောက်ပွဲတိုင်းမှာလည်း
ဝမ်ရိပေါ် ဆိုတဲ့နာမည်ကြီးက ထင်ထင်ရှားရှား။
![](https://img.wattpad.com/cover/311103350-288-k145402.jpg)