A Marriage 46

1.3K 113 0
                                    

" မောင် ငါ့ကိုအကျီချွတ်ပေးဦး "

လှုပ်လှုပ်ရှားရှားလေးဖြစ်နေရင် ရင်ဘတ်အစုံတုန်ဟိုက်နေတက်တဲ့ အဆိုးလေးက အကျီကို သူ့ဘာသာမချွတ်နိုင်ပေ။ဝမ်ရိပေါ်ကို အားကိုးတကြီး မော်ကြည့်လာသည်မှာ မျက်ဝန်းများက ကြယ်တာရာများအလား မှိတ်တုပ်မှိတ်တုပ်ပုံစံမျိုးနဲ့ လင်းလက်နေသည်။

ဝမ်ရိပေါ်ရဲ့ ရုန်းမထွက်နိုင်ခြင်းတွေ၊ငြင်းဆန်နိုင်ခြင်းမရှိတရားတွေမှာ ဒီပြိုလဲချင်စရာကောင်းတဲ့ မျက်ဝန်းတွေက နံပါတ်တစ်တရားခံပဲ။

" အခုမှ ပြန်ရောက်တာကို ရေတန်းမချိုးနဲ့လေ ချစ်သည်းရာ! ရေနွေလေးသောက်ထားဦး မောင်အောက်ထပ်က ပစ္စည်းတွေသွားယူလိုက်ဦးမယ် "

" မောင်ကကွာ! "

ဒီအဆိုးလေးကို ထပ်ပြီးအလိုမလိုက်သင့်တော့မှန်း ဝမ်ရိပေါ်သိသည်။အရိုးချောင်းတွေပင်ထိုးထွက်နေသော ခန္ဓာကိုယ်လေးကို ဆေးရုံကနေ ကားပေါ်အထိ၊အိမ်ရောက်တော့လည်း ချစ်သည်းခြေဖဝါးကို မြေမခစေဘဲ ဝမ်ရိပေါ်ပဲ အိမ်ခန်းထဲရောက်တဲ့အထိ တောက်လျှောက်ချီပိုးလာခဲ့တာ။

ပိုးကောင်လေးလို ကွေးကွေးလေးဖြစ်နေတဲ့ ချစ်သည်းက သူ့ကိုယ်သူနေမကောင်းတာတောင် သတိမရဘဲ ဝမ်ရိပေါ်ရင်ခွင်ကြီးထဲ စုန်းစုန်းမြှုပ်လို့။ ပြုတ်ကျမှာမကြောက်မလန့်နဲ့
'မောင်က သန်မာလိုက်တာ ' ဆိုတာကလည်း အပြုံးလေးတွေနဲ့ ပြောတက်သေးတာ။

ဒီလူက နေသာမကောင်းတာ...
ဒီကောင့်ကို ဘယ်လိုခြွေချရင် ကြွေကျမလဲ ဆိုတာ ကောင်းကောင်းသိတယ်!

" ရော့ ချစ်သည်း! နည်းနည်းလေးတော့ ပူသေးတယ်။ခဏနေဆိုရင်တော့ သောက်လို့ရလောက်ပြီ။ရေမချိုးနဲ့ဦးနော်...မောင့်ကိုစောင့် ကြားလား "

" မကြားဘူး! "

ကုတင်ပေါ်က အဆိုးလေးက နှာခေါင်းတရှုံရှုံ့နဲ့ ပေကပ်ကပ်လေးပြန်ဖြေလာတော့ အသဲယားစွာဖြင့် နှုတ်သီးဆူဆူလေးကို ဆွဲလိမ်မိတော့ အကဲပိုစွာနဲ့ သူနာနေကြောင်းအော်သည်။ဝမ်ရိပေါ် လိမ်ဆွဲလိုက်တာ ဖြည်းဖြည်းသာသာလေးပါ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now