A Marriage 47

1.5K 134 8
                                    

" ချစ်သည်း "

ကုတင်ပေါ်မှာ မတွေ့တော့လို့ ရှာကြည့်ကာမှ အဆိုးလေးက ရေချိုးကန်ထဲမှာ အပြည့်အဝ စည်းစိမ်ယူနေတဲ့ ချစ်သည်းနဲ့တိုးသည်။
ဝမ်ရိပေါ်ရဲ့ ချစ်သည်းက အကောင်းကြိုက်လေး။မတရား ဇိမ်ယူတက်တာ။

" ​အကြာကြီးမရဘူးနော်! ခဏနေ ပြန်တက်မယ် "

ရေပျော်ငါးကလေးက သုံးပေအလျားရှိတဲ့ကြွေကန်ကြီးထဲက ဆပ်ပြာအမြှုပ်တွေကြား ပျောက်လုနီးနီးပင်။ပြုံးပျော်ကာ ရိပေါ်ပြောစကားကို ခေါင်းတဆက်ဆက်ငြိမ့်ပြလို့။

" မောင် ပြန်လာခဲ့မယ် "

ချစ်သည်းရေချိုးနေတုန်း ချစ်သည်းချွတ်ချထားခဲ့တဲ့ကြမ်းခင်းပေါ်က ဟိုတစ်စဒီတစ်စဖြစ်နေတဲ့ အကျီတွေကိုလိုက်ကောက်သိမ်းရသည်။အခန်းကိုလုံးဝ သန့်ရှင်းသွားပြီဆိုမှ ရေချိုးခန်းထဲက ရေပျော်လေးက အသံပြုလာ၏။

" မောင် ~ "

" ပြောပါခဗျ  "

ကန်ဘောင်ပေါ် လက်ထောက်ထားတဲ့ ချစ်သည်းက ရိပေါ်အလာကိုမျှော်နေပုံပင်။ဝမ်ရိပေါ်တစ်ချက်လောက်ဖျစ်ညှစ်လိုက်ရင် ကြေကျသွားမဲ့ ခန္ဓာကိုယ်လေးကို အားမရပေ။စားသမျှက ဗိုက်ထဲက ကလေးနဲ့မျှဝေနေရတဲ့ ချစ်သည်းက အစာအာဟာရပြည့်ပြည့်ဝဝမရရှိပေ။

ဗိုက်လုံးလုံးလေးက ရေကန်ထဲရှိနေတော့
ရိပေါ် သေချာမမြင်ရပါ။လေးလထဲရောက်နေတဲ့ ဗိုက်ကလေးက ဘယ်လောက်တောင်စူဖြိုးနေပြီလဲ။

ယဲ့ယဲ့သာ ရှိတဲ့ခန္ဓာကိုယ်လေးက ရိပေါ်ကို ရေကန်ထဲဝင်ထိုင်ဖို့ ရေကိုတစ်ဗွမ်းဗွမ်းရိုက်ပြသည်။

" အတူချိုးရအောင် မောင်ရေ! "

ဝတ်ထားတဲ့ လက်ပြတ်အကျီကို ခေါင်းကနေလျှိုချွတ်ပြီး ဂျင်းဘောင်းဘီခါးပတ်အနက်ကို ဖြုတ်လိုက်၏။ချောင်သွားသော ဂျင်းဘောင်းဘီက boxer ခဲရောင် တစ်ဝက်လောက်အထိ လျှောကျသွားသည်။ကြီးမားသော ပစ္စည်းကြီးက Boxer နဲ့ကို ထင်းထွက်နေတော့ ချစ်သည်းက အကြည့်လွဲသွားကာ ဖြူဖျော့ဖျော့ပါးလေးနှစ်ဖက်က ပါးနုရောင်ပါးပါးလေး သမ်းလာသည်။

နေမကောင်းသေးတဲ့ ချစ်သည်းက မဟုတ်တာတွေ တွေးနေပြန်ပါပြီ !

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now