A Marriage 23

1.8K 187 2
                                    

" ဆရာ! ကျွန်တော့်ယောကျ်ားအခြေနေ "

" အရက်ကို အလွန်အကျွံသောက်ထားတဲ့ အရှိန်ရယ်၊သတိရရချင်း စိတ်လှုပ်ရှားစရာတစ်ခုရယ် နှစ်ခုကို တစ်ချိန်တည်းမှာဆက်တိုက်ကြုံတွေ့လိုက်ရတော့ ရုတ်တရက်ရှော့ခ်ဖြစ်သွားတဲ့အခြေနေပါ။ဆေးစာကို ရေးပေးထားခဲ့မယ်။အဓိက ကတော့ အမူးပြေဆေးတိုက်ဖို့ မမေ့နဲ့ဦး ဟုတ်ပြီလား "

" ဟုတ်ကဲ့ဆရာ။အခုလို အိမ်အထိလာပြီး ကုပေးတာကိုပဲ ကျေးဇူးတင်ရပါပြီဗျာ "

" သားကျန့်က သားဝမ်အနားမှာပဲနေခဲ့ဦး။မင်းယောကျ်ားက သူသတိရရချင်းသားကျန့်ကို မတွေ့ရင် ပြောနေဦးမှာ။ဆရာ့ကို အဖေနဲ့သားတို့အမေပဲ လိုက်ပို့လိုက်မယ် "

အမှန်ဆို သူလည်း မောင့်အနားက မခွာချင်ပါ။အဖေက အကျိုးသင့်အကြောင်းသင့်လေး ပြောလာတော့ သူ့အတွက် ရေငတ်နေတုန်းရေတွင်းထံကျသွားသလိုပေါ့။

" ဟုတ်ကဲ့ အဖေ "

သတိမေ့နေတဲ့ မောင့်ကိုတစ်ချက်ကြည့်ရင်း
သူလက်ခံကြောင်း ပြောလိုက်တော့ အဖေကဆရာ့အိတ်ကိုဆွဲပြီး မြို့နယ်ဆေးမှုးရုံးကို ပြန်လိုက်ပို့ပေးသည်။အမေကတော့ သူ့သားသတိမရသေးတော့ တငိုငိုနဲ့။သူလည်း မောင့်ကိုပူနေရတာနဲ့ အမေ့ကိုနှုတ်ဆက်စကားတောင် မပြောရသေး။

" မောင်ရာ! ငါနဲ့တစ်ညလောက်မတွေ့ရတာနဲ့ မင်းဖြစ်ချင်တာတွေကို ဖြစ်နေတော့တာပဲ "

မနေ့ညကတစ်ညလုံး မောင်အိမ်ပြန်မလာခဲ့ပေ။
သူတစ်ယောက်တည်း မိုးလင်းခဲ့ရသည်။တစ်ညလုံး အိမ်တံခါးကို သော့ခတ်မထား။မောင် ပြန်လာချင်ရင် အဆင်သင့်ပြန်လာနိုင်အောင်လို့။
တစ်ညလုံးမအိပ်ဘဲ မျက်ရည်တွေနဲ့ စောင့်နေတဲ့သူ့စီ မောင်ကလုံးဝပြန်မလာခဲ့။တစ်ခြံတည်းနေတာဆိုပေမဲ့ မောင်ကသူ့မိဘအိမ်မှာ။ကိုယ်နဲ့ရန်ဖြစ်ပြီးသွားတာ​ဆိုတော့ ပြန်လည်းလိုက်မခေါ်ရဲ။

မနက်မိုးလင်းတော့လည်း မောင်ပြန်ရောက်မလာသေး။အဲ့တော့ သူ့ဘာသာသူပဲ မြစ်ဆိပ်ကို ရေသွားချိုးဖို့ ပြင်ရ၏။မြစ်ဆိပ်မှာလူတွေများပေမဲ့ သူလည်း ဒီနယ်သားတစ်ပိုင်းဖြစ်နေမှတော့ တစ်ချိန်မဟုတ်တော့တစ်ချိန် မြစ်ဆိပ်ကိုလာချိုးရမှာပဲ။ကြေးများနေလို့မရ။သူ့မှာ ရေချိုးမလို့ အကျီလေးချွတ်ကာရှိ​သေး ' အကို့ယောကျ်ားဝမ်ရိပေါ် သတိမေ့သွားလို့ ' ဆိုပြီး မင်ချန်က အမောတကောလာခေါ်တာနဲ့ ချွတ်ထားအကျီလေးကောက်စွပ်ပြီး ပြေးလာရတာ အခုထိရေတောင်မချိုးရသေးဘူး။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now