A Marriage 6

2.1K 205 0
                                    

စီနီယာရှောင်းကျန့်

ဝမ်ရိပေါ်က ပေကျင်းတက္ကသိုလ်တစ်ခုလုံးက မိန်းကလေးတွေရဲ့ အိပ်မက်ပါဆိုလျှင် စီနီယာရှောင်းကျန့်ကတော့ ယောကျ်ား၊မိန်းမ မရွေး လူတိုင်းလိုချင်နေတဲ့ စိတ်ကူးယဥ်မင်းသားလေးဖြစ်သည်။ငယ်ရွယ်ချောမောပြီး အလုပ်လည်းကြိုးစား၊အနေအထိုင် တည်တံ့တဲ့ ဝမ်ရိပေါ်ကို မိန်းကလေးအများစုက သဘောကျကြသည်။လူတိုင်းရဲ့စိတ်ကူးယဥ်မင်းသားလေး ရှောင်းကျန့်ကတော့ စိတ်ကူးလေးနဲ့သာ မှန်းဆရဲတဲ့ စီနီယာအကိုကြီးဖြစ်သည်။

ပေကျင်းမြို့ဝန်ကြီးရဲ့ သားဖြစ်သူရှောင်းကျန့်က နိုင်ငံရေးကို စိတ်မဝင်စား။ Gay တစ်ယောက်ဟု ကိုယ့်ကိုကိုယ် Come Out လုပ်ခဲ့တဲ့ အမျိုးသားက ယောကျ်ားတိုင်းအတွက်
လိုချင်စရာ ဖြစ်နေခဲ့သည့်အပြင် မိန်းကလေးတွေကိုလည်း မစားရအညှော်ခံဘဝနဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားတက်သူ။သက်ရှိလူတွေကို သက်မဲ့အလား လှောင်ပြောင်နေတက်သူ။နာမည်ဆိုးတွေနဲ့သာ ကျော်ကြားလွန်းသော ထိုသူ။

ဖခင်ဖြစ်သူဝန်ကြီးရဲ့ အရှိန်အဝါနဲ့ ဘာကိုမှ ဂရုစိုက်ခြင်းမရှိတဲ့ ကောင်ငယ်လေး ခပ်ဆိုးဆိုးကောင်လေးဖြစ်သည်။ကျောင်းရဲ့ ထိပ်ထိပ်ကြဲ လူချမ်းသာအမျိုးသားအချို့နဲ့ တွဲသွားတွဲလာများ လုပ်လေ့ရှိတဲ့ ယောကျ်ား၊
မတိုးတက်သေးတဲ့ 2004 ခုနစ်ဝန်းကျင်မှာတောင် လိင်တူပဲစိတ်ဝင်စားကြောင်း မရှက်မကြောက် ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်ခဲ့သူ၊ကိုယ်တိုင်က အနုပညာမှာ အရည်အချင်းရှိသလို ဆရာဆရာမ များ၏အလေးပေးခြင်းကို ခံရတဲ့ လူတော်တစ်ယောက်၊စီနီယာရှောင်းကျန့်ရဲ့ အနာဂတ်ဟာ ပန်းခင်းလမ်းတစ်ခုသာ ဖြစ်သည်။

" သူက ယောကျ်ားချင်းစိတ်ဝင်စားသူပေါ့ "

" အေး မင်းတကယ် မသိတာလား ဝမ်ရိပေါ် "

ဟောက်ရွှမ်း ဒီကောင့်ရဲ့တုံးအမှုကို လက်ဖျားသည်။ဘယ်လိုသတ္တိနဲ့ စီနီယာရှောင်းကျန့်ကို ဒင်းက မသိရတာလဲ။

အဆိုးဆုံးက စီနီယာက ဂေးတစ်ယောက်မှန်းဒီကောင်မသိတာ။စီနီယာရှောင်းကျန့်ဆိုတာ ချမ်းသာတဲ့ယောကျ်ားတွေနဲ့ပဲ ထည်လဲတွဲပြီး ပွေတဲ့လူစား။ယောကျ်ားဖြစ်ပြီး မာယာများတဲ့လူ။ဒီလိုလူက သူ့သူငယ်ချင်း ရိုးရိုးအေးအေးကြီးကို ဘာကိစ္စနဲ့ ဆက်သွယ်နေရတာလဲ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now