A Marriage 21

1.8K 186 0
                                    

" မောင်ရေ ~ "

" မောင် လို့! "

သူတို့အိမ်ဘက်က ချစ်သည်းအော်ခေါ်သံထွက်လာတော့ မားက မျက်နှာအပြတ်ပြတ်။မားက ချစ်သည်းကို သိပ်မကြည်တာ သူသိပါတယ်။ချစ်သည်းကလည်း မားကိုအရောတဝင်မရှိ။အဖေ့ကိုတော့ တရင်းတနှီးနဲ့မိဘအရာထားပြီး ဆက်ဆံပေမဲ့ မားကိုတော့ ယောက္ခမလိုပဲ သဘောထားသည်။ကြားထဲက လူက သူဖြစ်နေတော့ မားကိုလည်းမနိုင်။ချစ်သည်းကိုလည်း မနိုင်။ဘယ်သူ့ကိုမှ မနိုင်တော့ မသိချင်ယောင်သာဆောင်နေလိုက်သည်။

" သွားသွား ငါ့သား။သားကျန့်က ကိစ္စရှိလို့ခေါ်တာနေမှာ "

အဖေက ဖာပြီးပြောလာတော့ မားက မျက်စောင်းလှမ်းထိုးသည်။အနေအေးတဲ့အဖေက ရန်နည်းအောင်ပြောလိုက်ပေမဲ့ သူပြန်သွားရင် အဖေပြသာနာအရှာခံရတော့မယ် ထင်ပါရဲ့။

" သူ့ယောကျ်ားဆိုပေမဲ့ မွေးထားတာငါပါ။ငါ့အိမ်ကို အလာကိုမခံဘူး။တန်းခေါ်တော့တာပဲ။သားနဲ့ငါတို့ကို ပေးမတွေ့ချင်ဘူးလား မသိပါဘူး "

" မားရယ်...ချစ်သည်းက အဲ့လောက်စိတ်မျိုးမရှိပါဘူး။အခုလည်း ကိစ္စရှိလို့ ခေါ်တာနေမှာပါ "

" အေး။မင်းရော...မင်းအဖေရောပါ။အဲ့ကောင်လေးရဲ့ဆေးကိုမိနေတာ (အောက်လမ်းနဲ့ပြုစားခံရတဲ့သဘောပါ) ဒီယောကျ်ားကလည်း အဲ့ကောင်လေးကိုပြောရင်မကြိုက်ဘူး။သားလုပ်သူကျတော့ သူ့လင်ကို ဆတ်ဆတ်ထိမခံ။ငါက ဒီအိမ်မှာ ဘာလဲပြော။ယောကျ်ားလုပ်သူကိုလည်းပြောမရ...သားဖြစ်တဲ့သူကိုလည်း ဆုံးမလို့မရနဲ့။သားမက်ကလည်း ငါ့ကိုဆို မလေးမစားနဲ့ငါ့ကို နင်တို့ ဘာအရာသွင်းကြလို့လဲ "

မားက ချုံးပွဲချငိုတော့သည်။

" မားရာ ~ မားထင်သလို မဟုတ်ပါဘူးဗျာ "

' မောင်! "

ချစ်သည်း ခေါ်သံက ပိုကျယ်လာသည်။

ဒီနေ့ကျမှ ချစ်သည်းက ဘယ်လိုဖြစ်နေမှန်းမသိ။
ချစ်သည်းအလုပ်ကပြန်လာလို့ ထမင်းစားရအောင် သူကခူးခပ်ပေးပြီး မားခေါ်ထား လို့ ဒီဘက်အိမ်ရောက်နေတာ။ဒီဘက်အိမ်ရောက်ပြီး ဖင်တောင်မချရသေးဘူး ( မထိုင်ရသေးတာ) ဟိုဘက်ကနေ တမောင်မောင်နဲ့ လှမ်းခေါ်နေတော့ မားကအထင်လွဲသွားဖြစ်နိုင်သည်။ချစ်သည်းကလည်း အလိုက်မသိနဲ့တော့ခက်ချေပြီ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now