A Marriage 25

1.8K 184 0
                                    


"ချစ်သည်း မောင်မင်းအဖေအိမ်မှာမနေဘူးနော် "

" အင်းပါ မောင်ရယ်။ငါသိပါတယ် "

" တကယ်ဆို ဒီကို လာစရာအကြောင်းရှိလို့လား ချစ်သည်းရာ! "

ချစ်သည်းက ရှင်းချွမ်းမှာ အလုပ်ထွက်စာတင်ပြီး သူတို့ပေကျင်းကို ပြန်ခဲ့တာဖြစ်သည်။သူတို့ပေကျင်းရောက်ရင် အိမ်တစ်ခုငှားနေပြီး ရိပေါ်က ကျောင်းနဲ့အချိန်ပိုင်းအလုပ်လုပ်။ချစ်သည်းကတော့ ကုမ္ပဏီတစ်ခုမှာ ဝင်ဖို့ နှစ်ယောက်တိုင်ပင်ထားပြီးသား။

အဲ့တာကို ဘာထဖောက်တယ်မသိဘူး။
ပေကျင်းရောက်ရောက်ချင်း ဒယ်ဒီ့ကို သွားတွေ့ရအောင် ဆိုပြီး ဝန်ကြီးအိမ်ယာထဲအထိ ရိပေါ့်ကို
ဆွဲခေါ်လာတာ ။မိဘရင်ကိုစုံကန်ပြီး ထွက်ခဲ့တုန်းက ထွက်ခဲ့ပြီး အခုမှဘာလို့ပြန်သွားနေဦးမလဲ။

ယောက္ခမက ဝန်ကြီးအရှိန်အဝါနဲ့ ချစ်သည်းကို ပြန်သိမ်းသွားရင် ဘယ်လိုလုပ်မလဲ။နောက်ပြီး သူတို့မခေါ်ဘဲ ကိုယ်ကစတွေ့တယ်ဆိုတော့ အခက်အခဲဖြစ်မှ သူတို့စီပြန်လာတယ်လို့လည်း အထင်မခံနိုင်။အမှန်ပြောရရင် ရိပေါ်ရဲ့အစီစဥ်တွေထဲမှာ ချစ်သည်းရဲ့မိဘတွေမပါ။

" မောင်ကလည်းကွာ! ဒီအထိတောင် ရောက်နေပြီပဲ "

လှုပ်စိလှုပ်စိနဲ့ တွတ်ထိုးနေတဲ့ သူတို့နှစ်ယောက်ကို လှမ်းကြည့်နေတာက အိမ်တော်ထိန်းကြီး။ရှောင်းကျန့်ဆိုတာက ငယ်ငယ်ကတည်းက
အိမ်တော်ထိန်းကြီးရဲ့လက်ထဲမှာ ကြီးလာတာ။နိုင်ငံရေးသမား ဒယ်ဒီနဲ့ လက်ဝတ်ရတနာတွေကို ဇယ်တောက်တိုင်းကစားလာတဲ့ မျိုးရိုးကြီးနှစ်ယောက်ရဲ့ ရင်နှစ်သည်းခြာလေးရှောင်းကျန့်က
အချိန်အစား လိုတရဘဝကို ပိုင်ဆိုင်ထားသည်။

တစ်အိမ်လုံးရဲ့ အလိုလိုက်ခံလေးက အနည်းငယ်တော့ ဆိုးသွမ်းသည်။အထက်တန်းနှစ်မှာတင် Gay လို့ Come Out လုပ်ခဲ့ပြီး တက္ကသိုလ်စရောက်တဲ့နေ့မှာတင် ရည်းစားကတစ်ယောက်မက။ သူ့ရဲ့ ပွေရှုပ်တဲ့ အပုပ်အပွသတင်းမှန်သမျှကိုလည်း ဝန်ကြီး၏ရဲ့သား ဆိုတာနဲ့ အားလုံးက ဂရုမစိုက်ကြတော့။မာမီမွေးပေးတဲ့ ရုပ်ချောချောလေးကြောင့် ရည်းစားများတယ်ဆိုတာကလည်း အရေးမပါတော့သလို ' ဒီလိုရုပ်လေးနဲ့ ရည်းစားများတာ ဖြစ်သင့်ပါတယ် ' ဆိုတာမျိုး။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now