A Marriage 16

2K 202 6
                                    


ခြေသလုံးမှ စိုထိုင်းထိုင်းအဆီအနှစ်တစ်ခုနှင့်အတူ ကြွက်သားများအပေါ် ပြေးလွှားနေသော လက်ချောင်း၏အထိအတွေ့သည် အိပ်နေသူကို နှိုးစေသည်။ရထားပေါ်မှာတုန်းကလည်း သူအိပ်ခဲ့ရတော့မဟုတ်တော့ အိမ်ပြန်ရောက်တော့မှပဲခေါင်းအုံးပေါ်ခေါင်းတင်ရုံနဲ့ အိပ်ပျော်သွားတာဖြစ်သည်။အခုနိုးလာတော့ အတော်တောင်မိုးချုပ်ရော့ပေါ့။

" အာ! ချစ်သည်း ဘာလုပ်နေတာလဲ "

ပေါင်ခြံအထိလိပ်တင်နေတဲ့ ဘောင်းဘီအစရယ်၊
သူ့ခြေသလုံးပေါ်က တိုင်းရင်းဆေးအချို့ရယ်၊
ချစ်သည်းရဲ့ လက်ချောင်းသွယ်များက သူ့ခြေထောက်တွေအပေါ်မှာ။

" ငါကြောင့် နိုးသွားတာလား။မောင် ညောင်းနေမယ် ထင်လို့ငါ မားစီက ဆေးယူပြီး လိမ်းပေးနေတာ။ဒီဆေးက အတော်ကောင်းတယ် တဲ့နော်။ပူလည်းမပူဘူး။အေးအေးလေး။
မသိရင် ဂျယ်လ်လေးကျ လို့ "

" ကျစ်! ချစ်သည်းရာ!မောင့်ကို နှိပ်ပေးစရာမလိုပါဘူး။မောင် ယောကျ်ားပါ။ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်ကွ "

" မောင် ယောကျ်ားမှန်းတော့ ငါသိတာပေါ့ "

" ဟင့်အင့်...မသိသေးဘူးထင်တယ်နော် "

" မောင်! မင်းဘယ်လိုဖြစ်! "

" ချစ်သည်း~ "

" ဘာလဲ "

" မောင်တို့ အပေးအယူတည့်တည့်နဲ့ လင်မယားလုပ်တိုင်းကစားကြမလား "

" မောင်! "

လူပျိုဘဝတုန်းက အရှက်သည်းခဲ့တဲ့မောင်က အိမ်ထောင်ကျပြီးမှ ဘယ်လိုတောင်လက်ရဲဇက်ရဲဖြစ်လာသလဲမသိဘူး! ကျားပေါက်လေးအထင်နဲ့ ယူပြီးကာမှ ကိုးတောင်ကျား ဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ။

ဒီညက မင်္ဂလာဦးညဆိုပေမဲ့ မောင်က နုံးနေသေးတယ်မဟုတ်လား။ဒါ့ကြောင့် ကိုယ်က သူ့ကိုမနှိုးတော့ဘဲ ကိုယ့်ဟာကိုယ် ဘောင်းဘီလိပ်ပြီး
ဆေးလိမ်းပေးနေတာ။ခက်ခက်ခဲခဲဘောင်းဘီလိပ်တင်ရတုန်းကမနိုးဘူး။ဆေးကိုလိမ်းပေးနေတော့မှ နိုးလာတယ်။နိုးပြန်တော့လည်း
အခုလည်းကြည့်....နိုးတာဘယ်လောက်မှမကြာသေးဘူး။ပေါက်ကရတွေ ပြောနေပြန်ပြီ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now