A Marriage 38

1.7K 152 0
                                    

" အခန်းနံပါတ် 205 က လူနာရှောင်းကျန့်ရဲ့ အုပ်ထိန်းသူ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ "

ဆရာဝန်ကြီးရဲ့ မျက်နှာက အရမ်းစိတ်ဆိုးနေဟန်ရှိကာ ရိပေါ်တို့ဆေးရုံရောက်ကတည်းက ချစ်သည်းကို ဘာဖြစ်လို့ဆေးရုံရောက်လာတာလဲ ဆိုတာမမေး။အခြေခံဆေးစစ်ချက်တွေလည်းမလုပ်ဘဲ ရင်းနှီးနေတဲ့လူနာတစ်ယောက်အတိုင်း ကိုင်တွယ်သွားတာကအစ သံသယဝင်ဖို့ကောင်းလွန်းသည်။

ဒုတိယအထပ်ကော်ရစ်တာရဲ့ သုံးခန်းမြောက်က ဆရာဝန်ကြီးရဲ့ရုံးခန်းဖြစ်ကာ ဆရာဝန်ကြီးက ဆေးရုံအုပ်ပြီးရင် ဒုတိယအာဏာအရှိဆုံးဖြစ်သည်။လူတိုင်းချစ်ကြောက်ရိုသေရတဲ့ဆရာဝန်ဖြစ်ကာ အရည်အချင်းများကလည်းကောင်းသတင်းသာ မွှေး၏။

" ကျွန်တော်က ရှောင်းကျန့်ရဲ့ခင်ပွန်းပါ "

" ဝမ်ရိပေါ်ဆိုတဲ့တစ်ယောက်ပေါ့ "

ကာဖီတစ်ခွက်သည်ကား ခါးသက်၏။

ဆရာဝန်ကြီးရဲ့အမေးစကားကို မဖြေသေးဘဲ ကာဖီတစ်ငုံကို အရင် သောက်ထားမိ၏။အကယ်၍ သူ့လက်ဖျားတွေ တုန်ယင်ခဲ့နေရင် ဒါဟာ ကာဖီတစ်ခွက်ကြောင့်ဆိုတာ ယိုးမယ်ဖွဲ့လို့ရအောင်လို့!

" ဟုတ်ကဲ့ ကျွန်တော့်နာမည် ဝမ်ရိပေါ်ပါ "

" လူနာရှောင်းကျန့်ရဲ့ အုပ်ထိန်းသူကို ကျွန်တော်အမြဲခေါ်ခိုင်းခဲ့တယ်။ခက်တာက လူနာရှောင်းကျန့်က ခေါင်းအရမ်းမာတယ်။ဆေးရုံကို ရက်ချိန်းတွေအတိုင်းမလာဘူး "

" ဆရာ ~ ကျွန်တော့်ကို ကျွန်တော့်ခင်ပွန်းဘာရောဂါ ဖြစ်နေတာလဲပဲ ရှင်းပြပေးနိုင်မလား "

ယောကျ်ားအရင့်မာကြီး မျက်ရည်များ အိုင်ထွန်းတဲ့အခါ ဆရာဝန်ကြီးက စိတ်မကောင်းပါဘူး ဆိုတဲ့မျက်ဝန်းများနဲ့ ကြည့်လာသည်။

" အဆုပ်ထဲရေဝင်တာပါ။လူနာလတ်တလောခံစားနေရတဲ့ ချောင်းဆိုးတာ၊ရင်ဘတ်အောင့်တာ၊အမောမခံနိုင်တာတွေက အဆုပ်ထဲရေဝင်တဲ့လက္ခာပါ။ဒါက ကျွန်တော့်စမ်းသပ်ချက်ပါ။သေချာချင်ရင် ဓာတ်မှန်ရိုက်ပြီး အဆုပ်ထဲရေရှိမရှိ စမ်းသပ်လို့ရမယ်၊ရေတွေဘယ်လောက်ထိ စုနေပြီဆိုတာ သိမှရမယ်။အချိန်လွန်ရင်  မကောင်းဘူး "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now