A Marriage 35

1.7K 155 0
                                    

" ချစ်သည်း ဘာလုပ်နေတာလဲ "

လှေကားအရင်းမှာ ဆောင့်ကြောင့်လေးထိုင်နေတဲ့ သည်းငယ်က ရင်ဘတ်အစုံ မောဟိုက်နေတဲ့ပုံပင်။နှုတ်ခမ်းဖျားမှာ ဖွင့်ဟကာ လေကိုအတင်းရှုရှိုက်နေတာက အောက်စီဂျင်ကို အရေးပေါ်လိုအပ်နေသည့်အလား။

" မောနေလို့လား ချစ်သည်း "

ရိပေါ်တို့မြို့ထဲက ပန်းနာရင်ကြပ်သမားတွေလိုပုံစံဖြစ်နေတဲ့ ချစ်သည်းကိုမေးမိတော့ ချစ်သည်းက အပြုံးနုနုလေးနဲ့ ခေါင်းခါပြကာ ရိပေါ်ရင်ခွင်ထဲ တိုးဝင်လာ၏။ရိပေါ်လည်ပင်းကို သိုင်းဖက်ပြီး ခြေထောက်နှစ်ဖက်ခွထားတဲ့ သည်းငယ်က ဖားပျံလေးလို ကားယားကားယားဖြစ်တာ အသဲယားစရာလေးကောင်းသေး၏။

ငှက်မွေးလေးလို ပေါ့ရွှတ်နေတဲ့ ခန္ဓာကိုယ်လေးကို ထိန်းပြီး အောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲမှာ မနက်ခင်းသတင်းစာဖတ်နေတဲ့ ဒယ်ဒီကချောင်းဟန့်ကာ မာမီကကြိတ်ရယ်နေ၏။လူကြီးတွေရှေ့မျက်နှာပူစရာကောင်းနေလည်း ရိပေါ်က
ချစ်သည်းကို လွှတ်မချပါ။ထိုင်ခုံပေါ်အကျအနတင်ပေးပြီးမှ မနက်စာထမင်းဝိုင်းက စိုပြေတော့သည်။

" ကျန့်ကျန့် မင်းကလေးလည်း မဟုတ်တော့ဘူး! အနေအထိုင်ဆင်ခြင်စမ်း "

" ဒယ်ဒီကလည်း သားယောကျ်ားကအားရှိလို့ သားကိုချီနိုင်တာ။ဒယ်ဒီ့မှာ မောင့်လောက်အားမရှိဘူးမလား "

" ဒီကောင်လေး ပြောလေဆိုးလေ ပါလား "

" ဒယ်ဒီကရော...အဟွတ် ဟွတ်။အဟွတ် ဝေါ့ "

ချောင်းတွေဆိုးနေရင်းသွေးစများကပ်ပါလာတဲ့ ချစ်သည်းကြောင့် ထမင်းဝိုင်းရှိလူအကုန် လန့်ဖြတ်သွားကြသည်။ရိုးရိုးတန်းတန်းချောင်းဆိုးတာမဟုတ်ဘဲ မျက်နှာတစ်ခုလုံးနီရဲပြီး လည်ချောင်းတစ်ခုလုံးကွဲအက်မတက် ဆိုးနေကာ ဘေစင်ကိုတောင်သွားချိန်မရှိဘဲ ကြမ်းပြင်ပေါ်မှာထွေးချထားတဲ့ သလိပ်တွေအများအပြားမှာ သွေးစတွေစွန်းညှိနေတာ မြင်မကောင်းပေ။
ချောင်းတစ်ခါဆိုးတိုင်းလှုပ်ခါသွားတဲ့ ရင်ဘတ်အစုံဟာ တစ်သိမ့်သိမ့်တုန်နေ၏။

" အဟွတ် ဟွတ်.... "

သလိပ်များထွေးထုတ်ပြီးမှ နေလို့အဆင်ပြေသွားပုံရတဲ့ ချစ်သည်းရယ် ထိုင်ခုံနောက်မှီပေါ်ကို ကျောရိုးမရှိသည့်အလား မှီတွယ်ရင်း အမောဖြေနေသည်။ဒယ်ဒီ့ကိုစနောက်တုန်းက ပုံနဲ့မတူဘဲ ချက်ချင်းကို နွမ်းလျသွားတဲ့ ချစ်သည်းမျက်နှာလေးကို ကြည့်ပြီး ရိပေါ်ဂဏာမငြိမ်တော့ပေ။
မာမီနဲ့ဒယ်ဒီကလည်း စိုးရိမ်နေဟန်ရှိကာ ရိပေါ်လောက် ဘယ်သူမှအိန္ဒြေမမဲ့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Onde histórias criam vida. Descubra agora