A Marriage 28

1.6K 164 0
                                    


ဘားတစ်ခုမှာ စားပွဲထိုးအဖြစ် သူအချိန်ပိုင်းအလုပ်ရခဲ့သည်။ဒါကလည်း ဟောက်ရွှမ်ကူညီတာ။ဘားဆိုပေမဲ့ အရမ်းကြီးဟော့နေတဲ့နေရာမဟုတ်။လူကြီးလူကောင်းတစ်ချို့နဲ့ အေးအေးဆေးဆေးအနားယူချင်တဲ့
သာ ရံဖန်ရံခါလာတက်ကြတာမလို့ ဆူညံနေတဲ့နေရာမဟုတ်ပါ။သံစဥ်ငြိမ့်ငြိမ့်လေးတွေနဲ့ တိတ်ဆိတ်နေသူများသာ ဖြစ်သည်။

လခလည်းကောင်းပြီး အတန်းချိန်တွေဖျက်ဖို့ မလိုတော့တဲ့အတွက် ရိပေါ်ရဲ့ Tuto အမှတ်တွေက ခါတိုင်းအပတ်တွေထပ် အများကြီးပိုကောင်းလာခဲ့သည်။စာလည်းတော်သလို ရုပ်ချောတဲ့ရိပေါ်ကို ပေကျင်းတက္ကသိုလ်မှာ မေဂျာမတူဘဲတောင် တကူးတက လာကြည့်ရတဲ့ မိန်းကလေးပေါင်းများစွာရှိသည်။ချစ်သည်းတစ်ယောက်ကလွဲရင် ဘာကိုမှခေါင်းထဲမထည့်တဲ့ ဝမ်ရိပေါ်ကတော့ ဒါတွေကို သိမယ်မထင်။

" သားမက်ဝမ် ပြန်လာပြီလား "

ရိပေါ် အလုပ်ပြီးတာ ညကိုးနာရီဆို​တော့ သူ
အိမ်ပြန်ရောက်တဲ့အချိန်ဆို ကိုးခွဲလောက်ပေါက်သွားတက်သည်။ညကိုးနာရီကျော်ရင် ဘတ်စ်ကားတွေလည်း အလုပ်မလုပ်တော့တာမလို့ ဟောက်ရွှမ်းစီက ငှားတဲ့ စက်ဘီးနဲ့သာ ရိပေါ် အသွားအပြန်လုပ်နေကာ ဒီစက်ဘီးလေးက ဟောင်းနေလို့ ဟောက်ရွှမ်းမစီးဘဲပြစ်ထားတာကို ဝမ်ရိပေါ်က ကောက်ပြင်ပြီးစီးနေတာ။

ဧည့်ခန်းမထဲမှာ ကာဖီတစ်ခွက်နဲ့ ဇာတ်ကားကြည့်နေရင် ယောက္ခမလုပ်သူက စနှုတ်ဆက်လာတော့ မသိသလိုကျော်ချလို့မရတော့ပေ။ယောက္ခမတွေကတောင် ဝမ်ရိပေါ်
ကိုသားအရင်းလို ဆက်ဆံပေးသေးတာပဲ ရိပေါ်ဘက်ကလည်း တန်ပြန်မေတ္တာပြန်ပေးရဖို့ ဝန်မလေးပါ။

" ဟုတ်ကဲ့ မာမီ။မာမီ မအိပ်သေးဘူးလားဗျ "

" သားကျန့်က ဒီညအိမ်ပြန်နောက်ကျမယ်ဆိုလို့လေ။ရုံးမှာ ညစာစားပွဲရှိတယ်ဆိုလား "

" ညစာစားပွဲ? "

" သူ့ဒယ်ဒီလည်း ပါသွားပါတယ်။သားတို့ဒယ်ဒီက နိုင်ငံရေးတစ်ဖက်နဲ့ကုမ္ပဏီတစ်ဖက်နဲ့ လက်ကိုမလည်တာ "

ရိပေါ်မျက်နှာမကောင်းတာကို ကြည့်ပြီး မာမီက ဖြေရှင်းချက်ပေးလာတာ ရိပေါ်သိသည်။ရိပေါ် စိတ်မချတာ ချစ်သည်းမဟုတ်ဘဲ ချစ်သည်းဘေးကကောင်တွေပဲ။သူတို့အရည်အချင်းရှိတာ မရှိတာ ဝမ်ရိပေါ်မသိ။ရိပေါ်သိတာက တစ်ကောင်မှ ထောင့်မကျိုးတာပဲ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now