" အင့်.. "" ဟင့်... "
" မင်းဘာလို့ ငိုနေတာလဲ "
ရှောင်းကျန့်ကို အိမ်ထဲဝင်ခွင့်မပေးတဲ့ ဦးလေးကြီးက ရှောင်းကျန့်နည်းတူ အဝါ၊အဖြူ
ပလပ်ဖောင်းပေါ် ငုတ်တုပ်လာထိုင်ပြီး ရှောင်းကျန့်ငိုတာကိုပြီးအောင်စောင့်ပေးပြီးမှ သူသိချင်တဲ့မေးခွန်းကို မေးလာတာ။ရှောင်းကျန့် ဒီဦးလေးကြီးနဲ့စတွေ့တုန်းက အရမ်းကိုအပေါက်ဆိုးတဲ့ဦးလေးကြီးပေါ့။သိတာ တစ်လ၊နှစ်လလောက်ကြာတဲ့အခါ ဦးလေးကြီးကထင်သလောက် သဘောမဆိုးမှန်းသိလာရသည့်အပြင် တစ်ချို့အရာတွေမှာလည်း ရှောင်းကျန့်ကို ကူညီပေးတက်သေးသည်။ဥပမာ - စိတ်တည်ငြိမ်ထားပြီး ပစ္စည်းတွေကိုကိုင်တွယ်ဖို့ သင်ပေးတာတို့ဘာတို့ပေါ့။
" မောင် စီးကရက်တွေသောက်တက်နေပြီ "
" အဲ့တာ မင်းနဲ့မဆိုင်တော့ဘူးလေ ကောင်လေးရယ်... "
" ကျွန်တော် မောင့်ကိုချစ်တယ် "
" ဘဝတွေခြားသွားပြီ။မင်းဆက်ပြီးတွယ်ကပ်မနေသင့်တော့ဘူး "
ဦးလေးကြီးက နတ်ဒေဝါတစ်ယောက်ပါ။ရှောင်းကျန့်တို့ အိမ်ကြီးကိုစောင့်ရှောက်ပေးတဲ့ နတ်မင်းတစ်ပါးပေါ့။ဦးလေးကြီးက ရှောင်းကျန့်လို ဘာမှမသိတဲ့ဝိညာဥ်ဖြူလေးကို သူ့အရိပ်အာဝါသအောက်မှာ ခေါ်ထားလေ့ရှိပြီး အစွဲတွေမထားဘဲ
သံသရာကို ကြော့ကြော့မော့မော့လျှောက်လှမ်းနိုင်ဖို့ တရားချလေ့လည်းရှိသူ။ကူးပြောင်းသွားတဲ့ ဘဝကိုနားမလည်သေးဘဲ အိမ်ထဲဝင်ဖို့အကြိမ်ကြိမ်ကြိုးစားနေတဲ့ ရှောင်းကျန့်ကို ဦးလေးကြီးက ဝင်ခွင့်မပေးဘဲ မောင်းထုတ်ခဲ့ဖူးသည်။ထွက်မသွားဘဲခေါင်းမာနေတဲ့
ရှောင်းကျန့်ကို အနာတရဖြစ်အောင်လည်း ဦးလေးကြီးက လုပ်ခဲ့ဖူးသည်။မီးလိုပူကျစ်နေတဲ့အလင်းတန်းတွေက ရှောင်းကျန့်တစ်ကိုယ်လုံးကို ချုပ်နှောင်နေချိန် ရှောင်းကျန့်ဝမ်းဗိုက်စီက အဖြူရောင်အလင်းစက်သေးသေးလေးက ပေါ်ထွန်းလာသည်ကြောင့် ဦးလေးကြီးက အလျှော့ပေးခဲ့ရကာ တောင်းပန်စကားလည်းဆိုသေးသည်။