A Marriage 31

1.7K 165 0
                                    


မနက်ခုနစ်နာရီအတိ။

သူရုံးသွားဖို့ ပြင်ဆင်ရတော့မည်။ဘေးကအိပ်ပျော်နေတဲ့မောင့်အပေါ် စောင်ပါးလေးခြုံပေးခဲ့ပြီးတော့ နဖူးပြင်ကို ခပ်ဖွဖွသာနမ်းရှိုက်ခဲ့သည်။တစ်ချက်သာလူးလွန့်သွားပေမဲ့ ​အိပ်နေဆဲ။အိပ်ရေးမက်တဲ့မောင်က ညဆိုသူ့ထပ်အရင်စောအိပ်နေကြ။မနက်ကျရင်လည်း တော်တော်နဲ့မထပါ။

လျန်းဖေပြောသလို မောင့်ကိုစောင့်ကြည့်ရမယ်ဆိုတာကို သူလက်သင့်မခံနိုင်။မောင့်မှာ ဖောက်လွဲဖောက်ပြန်စိတ်တွေမရှိတာသူသိတယ်။
မောင့်ကိုကောင်လေးတစ်ယောက်နဲ့ ဟိုတယ်မှာအတူတွေ့ရတဲ့ညကလည်း မောင်အိမ်ပြန်လာတာပဲ။မောင်အိမ်ပြန်မအိပ်တဲ့ ညဆိုတာမရှိ။ရှောင်းကျန့်ကသာ မောင်အိပ်ချိန်မှ အိမ်ပြန်ရောက်နေတာ။

တကယ်ဆို ထင်ချင်းထင် မောင်ကသာ သူ့ကိုသာ ထင်သင့်တာ မဟုတ်လား?

ညဝတ်ဖဲသားအပျော့လေးကို ကြယ်စေ့အကုန်ချွတ်ပြီး အဝတ်ခြင်းထဲကို ဝတ်မည်အလုပ်။အဝတ်ခြင်းရဲ့အောက်ဆုံးက ထိုးသိပ်ထည့်ခံထားရတဲ့ အဝတ်တစ်ချို့။

" ဒီအဝတ်တွေ "

ရှောင်းကျန့်မှတ်မိနေတဲ့ အနက်ရောင် Suit ကဟိုတစ်နေ့ကမောင်နဲ့တွဲမြင်လိုက်ရတဲ့ကောင်လေးရဲ့ အဝတ်။ရှောင်းကျန့်မှာ အနက်ရောင် Suit မရှိပါ။ပြီးတော့ သူကကိုယ်ပိုင်ဒီဇိုင်းနာထုတ်တာတွေပဲ ဝတ်တာ။အခုရှိနေတဲ့ အနက်ရောင် Suit က Gucci တံဆိပ်ကြီးနဲ့။

သေချာပေါက် ရှောင်းကျန့် အကျီမဟုတ်ဘူး။

" ငါ မောင့်ကို ယုံတယ်။ငါ မောင့်ကို ယုံတယ် "

အနက်ရောင် Suit ကို နှာခေါင်းနားကပ်ပြီးရှုရှိုက်ကြည့်သည့်အခါ ထောင်းထနေတဲ့အရက်နံ့ပြင်းပြင်းတွေအပြင် ချိုချဥ်အရသာရေမွှေးနံ့နဲ့ရောသပြွန်းထနေတဲ့ မောင့်ရဲ့ကိုယ်သင်းနံ့။ရေမွှေးတွေဘာတွေမသုံးတဲ့ မောင်က သာမာန်ယောကျ်ားတွေနည်းတူ ချွေးနံ့ပြင်းသည်။မောင့်အကျီတွေဆို လျှော်တာဆပ်ပြာ ပြောင်လား မပြောင်ဘူးသိချင်ရင် နမ်းကြည့်ရုံနဲ့တင်ကို ရတယ်။

လက်ထဲက Suit ကို အောက်ထပ်ကအဝတ်လျှော်စက်ထဲ ထည့်ပြီး သူအပေါ်ထပ်ပြန်တက်ခဲ့တော့သည်။မောင်က လျှပ်စစ်ပစ္စည်းသိပ်မသုံးတက်တာမလို့ မမောင်​နဲ့အတူရှောင်းကျန့်ပါ အဝတ်လျှော်မသုံးတော့။လက်သုံးပြီးပဲ လျှော်ဖြစ်တော့သည်။လက်နဲ့လျှော်တာ ပြောင်တယ်လို့ခံစားရလို့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now