A Marriage 2

2.6K 208 6
                                    

" ဟဲ့ ဝမ်လင်ကျန်ရဲ့သားက အထက်တန်းကို အမှတ်များများနဲ့အောင်တာဆို "

" အမလေး သူတို့သားကို ပိုးမွေးသလို မွေးထားတာ။သူ့သားကို ဘာမှခိုင်းတာမဟုတ်ဘူး။အလကားးး အခုအထက်တန်းအောင်လည်း ဟိုမြို့ကြီးအထိ သွားပြီး ကျောင်းကဆက်တက်ရဦးမှာ! မိဘတွေက လျှာထွက်အောင်ရှာရပြီး ဒင်းက သုံးဖြုန်းနေမှာ မြင်ယောင်ပါသေးတယ်တော် "

" ကလေးက ဉာဏ်ကောင်းလိုက်တာ! ဒီလိုသားမျိုးသာ ရှိရင် ဘယ်လိုထောက်ပံ့ရ ပံ့ရ! "

" ဒီဉာဏ်ကောင်းတော့ ဘာလုပ်ရမှာတုန်း! ဒီအသက်အရွယ်ရှိနေပြီ ဘာမှမလုပ်တက် အကိုင်တက်နဲ့ ဒီအဖေကြီးတို့ကိုပဲ အားကိုးနေတာ အဟင်း "

အထက်တန်းအောင်စာရင်းထွက်တဲ့နေ့ဟာ သူ့တို့မြို့ကလေးထဲ ပြောစရာစကားတွေ ပေါများတဲ့နေ့တစ်နေ့။ကိုယ့်သားသမီးကို မနိုင်တဲ့ လူကြီးတစ်ချို့က သူများသားသမီးအရေးကိုတော့ အတော်လေးစိတ်ဝင်စားသားဗျ!

တစ်ချို့ကလည်း ဒီအထက်တန်းအောင်နပြီပဲ ဆန်စက်မှာစာရေးပဲဝင်လုပ်ခိုင်းလိုက်ပါလား!

တစ်ချို့ကျပြန်တော့လည်း ဒီလောက်ညာသင်ပေးပြီးရင်တော်ပြီပေါ့ အလုပ်ဝင်ခိုင်းလိုက်ပါလား!

မင်းတို့မလဲ အသက်ကငယ်တော့မှမဟုတ်ဘဲ ဒီသားကို အလုပ်လုပ်ခိုင်းတော့!

အားလုံးရဲ့စကားတွေမှာ ရိပေါ်ကို ပညာဆက်သင်စေချင်တဲ့အရိပ်ယောင်တွေ မရှိ။သူများသားသမီး ထွန်းပေါက်သွားတာကို မနာလိုတာပဲလား ။တကယ်စိတ်ရင်းအမှန်နဲ့ပဲ အကြံပေးတာလားဆိုတာ ရိပေါ်မသိ။ဒါပေမဲ့ ဝမ်ရိပေါ်ကတော့ ပေကျင်းမြို့ကြီးမှာ ကျောင်းဆက်မတက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပြီးသားပင်။အထက်တန်းကိုတောင် သူ့မိဘတွေ သိပ်ဖြစ်စေချင်လို့ တက်ခဲ့တာ။သူ့အလိုအတိုင်းသာဆို သူအလုပ်လုပ်ချင်ပြီ။
ဒီ့ထပ်ပိုပြီး သူ့မိဘတွေ ပင်ပန်းမှာ မကြည့်ချင်တော့ပါ။သူသာအလုပ်လုပ်မယ်ဆို အနည်းဆုံးတော့ အဖေနဲ့မား ဝန်ပေါ့သွားမည် ဖြစ်သည်။

" အကုန်လုံး ငါ့အိမ်ကနေ ထွက်သွားကြစမ်း! အဲ့ဒီ ပုပ်နေတဲ့ ပါးစပ်တွေနဲ့ ငါ့သားပညာရေးကို လာတားရဲတယ်ပေါ့.... ထွက်သွားကြ ထွက်သွားကြ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Tempat cerita menjadi hidup. Temukan sekarang