A Marriage 40

1.8K 159 0
                                    

ဆေးရုံအနီး အများသုံးတယ်လီဖုန်းရုံးတွင် လူများတန်းစီကာ စောင့်ဆိုင်းနေကြ၏။တစ်ယောက်အကျော်တွင် ရိပေါ်ရဲ့အလှည့်ရောက်လာကာ ရိပေါ်ရဲ့အနောက်မှာ လူဆယ်ယောက်နီးပါးရှိနေသည်ကြောင့် သူဖုန်းကြာကြာပြောလို့မရပေ။တစ်ခြားလူတွေကို အားနာဖို့ကောင်းကာ ဆေးရုံမှာရှိလူတိုင်းရဲ့အပူက မျက်နှာမှာထင်ဟက်နေကြသည်။

" သားမက်ဝမ် "

" ဖုန်းပြောမလို့ စောင့်နေတာမလား။ဒယ်ဒီ့ဖုန်းနဲ့ပဲ ပြောလိုက်တော့။ဒီမှာဆို စိတ်ကြိုက်ပြောလို့ရမှာမဟုတ်ဘူး "

ဒယ်ဒီက ပုခုံးကိုဖက်ပြီးတန်းစီနေတဲ့ လူတွေထဲကနေ ဆွဲထုတ်လာ၏။ဒယ်ဒီက ဝန်ကြီးလည်းဖြစ်နေတော့ ဂုဏ်သိက္ခာလည်းရှိနေပြီး
ဝန်ကြီးသားမက်က အများသုံးဖုန်းဆက်ဖို့ တန်းစီနေတယ်ဆို ဒယ်ဒီလည်းအများအမြင်မှာ သိက္ခာကျကောင်းပါရဲ့။

မာမီကတော့ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့။အဖိုးတန်သားလေးက သေမင်းနဲ့စစ်ခင်းနေရတဲ့အချိန် ဘယ်မိဘက ပျ်ောရွှင်တဲ့မျက်နှာထားရှိနေမလဲ။ဝန်ကြီးကတော်ဆိုတဲ့ဟန်ကိုတောင်မထိန်းနိုင်တော့ဘဲ မျက်ရည်တကျကျဖြစ်နေကာ
လက်ထဲတွင်လည်း လက်ကိုင်ပုဝါလေးတစ်ထည်နဲ့ ။ဒယ်ဒီကတော့ ယောကျ်ားသားကြီးဖြစ်နေ
ပေလို့လားမသိ မာမီလောက်ရုပ်ပျက်မနေ။

" သားမက်ဝမ်ကို ဖုန်းဝယ်ပေးဖို့ဒယ်ဒီပြောသေးတယ် သားကျန့်ကလက်မခံဘူးလေ။သူ့ယောကျ်ားကို သူ့ပိုက်ဆံနဲ့ပဲ ဝယ်ပေးမယ်ဆိုပြီးပဲ ငြင်းနေတော့... "

" ​ရှင်ခဏနေဦး သားမက်ဝမ်ကို မာမီပြောချင်တာရှိတယ် "

အထူးကုဆေးရုံကြီးရဲ့ ကန်တင်းက သာမန်စားသောက်ဆိုင်နည်းတူ အရည်အသွေးပြည့်မှီပြီး
လူများကလည်း သူ့စားပွဲဝိုင်းနဲ့သူဖြစ်နေကာ ရိပေါ်တို့ကိုအာရုံမရပေ။ဆေးရုံကိုရောက်လာသူတိုင်းက ပျော်လို့ရွှင်လို့ရောက်လာကြသူများမဟုတ်တော့ ဆေးရုံဆိုတဲ့နေရာက လာလည်လို့ကောင်းတဲ့နေရာ မဟုတ်ပေ။

" သားကျန့်ဗိုက်ထဲက ကလေးကို မွေးစေချင်တယ် "

" မာမီ! "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now