A Marriage 39

1.7K 153 0
                                    

ဆေးရုံအနံ့ကို မကြိုက်ဘူးလို့ ပြောတက်သူက ဆေးရုံကုတင်ထက်မှာ ဖြူဖျော့စွာလဲလှောင်းလို့နေကာ လက်ဖျံမှထိုးသွင်းခံထားရတဲ့ ဆေးထိုးအပ်နှစ်ချောင်းက Drip နှစ်အိတ်ကိုသွယ်တန်းစီးဆင်းသည်။အနီရောင်သွေးအိတ်တစ်ခုနဲ့ အဖြူရောင်ဆေးရည်ကြည့်အချို့။

ပိန်ကျသွားတဲ့ခန္ဓာကိုယ်ပေါ်မှာ ဆေးရုံအဝတ်အစားများက ဖောင်းပွနေ၏။နဖူးပေါ်မှာ ရေညှစ်ထားတဲ့အဝတ်စိုတစ်ခုဟာ အဖျားငွေ့များကို စုပ်ယူနေသည့်အလား။

" မောင် ~ "

" အဆင်ပြေရဲ့လား ချစ်သည်း ~ "

" မောင် ~ ငါက "

" ကလေးကိုဖျက်ချရအောင် ချစ်သည်း "

သေခြင်းနှုတ်ခမ်းဝမှ မေ့မြောရာတွင် နိုးထလာတာ တစ်မိနစ်တောင်မရှိသေးပါဘဲနဲ့ မောင်က လူမဆန်တဲ့စကားနဲ့ နှုတ်ခွန်းဆက်သသည့်အခါ ရှောင်းကျန့် မျက်ရည်မကျဘဲ မနေနိုင်။မောင်ဟာ ဘယ်လို့ အဲ့လောက်ရက်စက်နိုင်ရတာလဲ။သူ့ဝမ်းဗိုက်ထဲက ကလေးက မောင့်ရဲ့သွေးသားအရင်းပါ။

ရှောင်းကျန့်ဟာ မိန်းမမဟုတ်ဘဲနဲ့ ဘုရားသခင်ပေးတဲ့ ဆုလာဘ်လေးကို လက်ခံထားရသည်။မောင့်ရဲ့သွေးသားကို သူကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးနိုင်မဲ့အခွင့်ရေးကို သူတောင်လက်မလွတ်နိုင်ခဲ့တာ မောင်ကဘာလို့လက်လွတ်ချင်နေရတာလဲ။
မောင်က ဖျင်းအလိုက်တာ။ဆုလာဘ်လေးကို
ဝမ်းပန်းတသာနဲ့ကြိုဆိုသင့်တာကို မောင်က စကားကြမ်းကြီးတွေနဲ့ ပြောဆိုနေပြန်ပြီ။

မောင့်ရဲ့ အပြောအဆိုရင့်ရင့်တွေကို လာဘ်ကောင်လေး ကြားသွားမှာမျိုး ရှောင်းကျန့်ကြောက်ပါတယ်။လာဘ်​ကောင် မွေးလာလို့ အပြောကြမ်းတဲ့ မောင့်ကို မချစ်တော့ဘဲနေရင် ဘယ်လိုလုပ်မလဲ။

"  ငါလုံးဝဖျက်မချဘူး! "

" ချစ်သည်း ~ "

" မင်းအဲ့တာတွေထပ်ပြောနေမှာဆိုရင် ထွက်သွားတော့ ~ လာဘ်ကောင်လေးက တစ်ဖြည်းဖြည်းအရွယ်ရောက်လာမှာ! သူမင်းပြောတာတွေကို ကြားနိုင်တယ် "

" မရူးစမ်းနဲ့ ရှောင်းကျန့်! ခင်ဗျား မရူးစမ်းနဲ့ဗျာ!
ဒီကလေးက မွေးလို့မရဘူးလို့ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Место, где живут истории. Откройте их для себя