A Marriage 8

1.9K 201 0
                                    

" ဝမ်ရိပေါ် မင်းကို စီနီယာရှောင်းကျန့်လာတွေ့တယ် "

" ကျစ်!  "

ဒီလူ တော်တော်လွန်နေပြီ။

သူ့အလုပ်ချိန်နဲ့တင် နှောင့်ယှက်တာနဲ့တင်မလုံလောက်လို့ ကိုယ်ပိုင်အချိန်ကိုပါ ထိပါးလာပြီ။အစပိုင်းမလို့ ဇွဲကောင်းနေတာ ကိုယ်က အဖက်မလုပ်ရင် သူ့ဘာသာနောက်ကြောင်းပြန်လှည့်သွားမယ် အထင်နဲ့ လုပ်ချင်ရာလုပ် ဆိုပြီး သူက ဘေးမဲ့ပေးထားမိတာ။နဂိုကတည်းက အရှက်နည်းတဲ့သူဆိုတာကို သိပေမဲ့ မွေးကတည်းကရှက်ကြောနဲ့ချက်ကြော မှားဖြတ်ထားတဲ့သူဆိုတာကိုတော့ သူအခုမှသိတယ်။

အလုပ်မှာ ရိသဲ့သဲ့လုပ်တာကသူတစ်ယောက်တည်းရှိတဲ့အချိန်။အခုလို လူအကုန်ရှိနေတဲ့အဆောင်ကို တမင်ကြီးလာတွေ့ပြီး နာမည်ကြီးအောင် လုပ်နေတာက သူ့သိက္ခာကို ဒီလူစော်ကားနေတာ။

ယောကျ်ားမာနဆိုတာ အလွယ်တကူ ကြေပျက်ရမဲ့အရာမဟုတ်။ဒီလူရဲ့ အမြဲပြုံးနေတဲ့ မျက်နှာကို သူကြည့်လို့ကိုမရ။သိပ်လှသည်။စကားလုံးတွေက မုန်းဖို့ကောင်းလောက်အောင် ရင်ဖိုဖို့ကောင်း၏။ဆော့ကစားဖို့သာ သိတဲ့ ဒီလူကို သူစိတ်ပျက်သည်။

သည်းခံတိုင်းရောင့်တက်တက်တဲ့ ဒီလူကို နဂါးမှန်းသိအောင်တော့ အမောက်ထောင်ပြမှ ရမည်။ဒီလူ သူ့ကို ပြောင်ချော်ချော် တွေလုပ်တာ တအားများနေပြီ။

" မောင် လာပြီလား။ငါက မောင့်အတွက် အကျီလေးဝယ်လာတာလေ။မောင့်အကြိုက် အစိမ်းရောင် ဟုတ်စ? "

" ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့ ရှောင်းကျန့် "

သူ့ဘက်က တည်တင်းပြလည်း တစ်ဖက်က ​ကြောက်မယ်ထင်နေလား နိုးပါ။တစ်ဖက်လူက သူငယ်နှပ်စားမှ မဟုတ်ဘဲ ရှောင်းကျန့်လေ။ရှောင်းကျန့်။

" ဘယ်ကိုလဲ မောင်? "

" ကျွန်တော်တို့ စကားပြောဖို့ လိုနေပြီ "

" ချစ်စကား ကြိုက်စကားကလွဲရင် ငါနဲ့မောင့်ကြား ဘာပြောစရာရှိ​သေးလို့လဲ။ဒါမှမဟုတ် လက်ထပ်ပြီးရင် မွေးမဲ့သားသားမီးမီးလေးတွေအကြောင်း တိုင်ပင်ချင်နေတာများလား မောင် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now