A Marriage 36

1.7K 147 0
                                    

" ရိပေါ် မင်းနဲ့စုန်ကျိရန် ဘယ်လိုပက်သက်ကြတာလဲ "

" စုန်ကျိရန်? ငါ့အသိထဲ အဲ့နာမည်မရှိသလိုပဲ "

" မင်းကို စုန်ကျိရန်ကသိနေပြီး မင်းက စုန်ကျိရန်ကို မသိတာ ဘာအဓိပ္ပါယ်လဲ "

" စုန်ကျိရန်က ဝမ်ရိပေါ်ကို ကြိုက်နေလို့မှာပေါ့ "

မဲတက်နေတဲ့ ဟောက်ရွှမ်းမျက်နှာကြီးကိုမှမထောက် ကျန်းချန်က အားကြီးနဲ့ပြောချလိုက်တော့ ဝမ်ဟောက်ရွှမ်းက ဖင်မငြိမ်တော့။ထိုင်မရထမရ အမူယာတွေနဲ့ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်ဖြစ်နေတာ ဝမ်ရိပေါ်ပင် အတော် မျက်စိနှောက်လှပြီ။

" မင်းဘာဖြစ်နေတာလဲ အဲ့လူက မင်းအသိလား "

ရိပေါ်မေးတော့လည်း သကောင့်သားက ဟိုဘက်ကို မျက်နှာလွှဲကာ သူမဖြေချင်ဘူးပုံစံလုပ်ပြသည်။ငယ်ပေါင်းတွေမဟုတ်လည်း အရင်းနှီးဆုံးကောင်တွေဆိုတော့ ဝမ်ဟောက်ရွှမ်းရဲ့မျက်နှာကြီးပုပ်သိုးနေတဲ့ အကြောင်းရင်း ပေါ့သေးသေးမဟုတ်မှန်း ရိပေါ်ရိပ်မိပါ၏။

" အဲ့စုန်ကျိရန်က သူ့မိထွေးရဲ့အချစ်ဆုံးသားလေးလေ။ဒီကောင်က သူ့မိထွေးကိုသာကြည့်မရ။မိထွေးရဲ့သားလေးကိုတော့ အတော်ကြည့်လို့ရတဲ့ ပုံပဲ "

ကျန်းချန်က ခနဲ့တဲ့တဲ့ပြောလာတော့​လည်း အလောင်းကောင်လိုပုပ်သိုးနေတဲ့ မျက်နှာထားနဲ့ ဟောက်ရွှမ်းလိုကောင်က နာသည်တဲ့။

" ငါက ဘာလို့ အဲ့လိုငတုံးမျိုးကိုကြည့်လို့ရမှာလဲ။ရုပ်ကိုက တုံးတုံးအအနဲ့။တောကတက်လာတဲ့ ငဒူငအ။အဲ့လိုငတုံးက ငါကကြည့်ရမယ်ထင်လို့လား "

" ဟေ့ကောင် ဟောက်ရွှမ်း  "

" ဘာတုန်းကွာ! "

" စုန်ကျိရန်! "

ဘုရားစူး ဟောက်ရွှမ်းအနောက်မှာ ထီးထီးကြီးရပ်နေတာ နှစ်ယောက်မရှိတဲ့ စုန်ကျိရန်ပဲ။ဟောက်ရွှမ်းပြောသမျှ ကြားသွားတာမှာ သေချာပါတယ်။မဟုတ်ရင် စုန်ကျိရန်မျက်လုံးက မျက်ရည်အိုင်တွေ ရှိနေစရာဘာအကြောင်းရှိမှာလဲ။

" ဝမ်ဟောက်ရွှမ်း! မင်းငါ့ကို အဲ့လောက်တောင် ကြည့်မရ ဖြစ်နေတာလား "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now