A Marriage 5

2.1K 212 0
                                    


" ကျောင်းသားရိပေါ် ပြန်လာပြီလား မင်းနာမည်နဲ့ ဖုန်းဝင်ထားသေးတယ်နော် ရုံးခန်းကို သွားလိုက်ဦး "

" ဗျာ! "

" ကျောင်းသားရိပေါ်ကို ဖုန်းခေါ်ထားတဲ့လူရှိတယ်လို့ "

" ဟုတ်...ဟုတ်လို့လားဗျ "

ဝမ်ရိပေါ်လိုလူမျိုးကို ဖုန်းခေါ်တဲ့သူ ဘယ်သူရှိမှာလဲ။နယ်က မိဘတွေကလည်း ဖုန်းခေါ်နိုင်လောက်အထိ တွေးတက်ကြသူများမဟုတ်။ဝမ်ရိပေါ်ဆိုတာကသူ့အချိန်ပိုင်းအလုပ်တွေနဲ့သူရှုပ်နေတဲ့ကောင်။ယားလို့တောင် မကုပ်အားဘူးဆိုတာ ဝမ်ရိပေါ်ကို ပြောတာ။ယားရင်တောင် ခဏနေမှယား ငါဒီမှာအလုပ်လုပ်နေလို့ ခဏနေမှကုပ်မယ် ဆိုတဲ့လူစားမျိုး။

ကျောင်းတက်တဲ့ နှစ်နှစ်အတွင်း စာနဲ့ အချိန်ပိုင်းအလုပ်ကလွဲရင် ဘာမှသိတဲ့ကောင်မဟုတ်တော့ ရုံးခန်းထဲဝမ်ရိပေါ်နာမည်နဲ့ ဖုန်းဝင်တယ် ဆိုတာ ခပ်ရှားရှား။ပထနှစ်ပြီးခါနီးအချိန်ကသာ နယ်က သူ့မားနေမကောင်းလို့ အဖေက ဖုန်းဆက်ခေါ်ဖူးတာ။ကျန်တဲ့အချိန်ဆို သူ့ဟာသာအလုပ်လုပ်ရင် လုပ်၊မလုပ်ရင် စာထိုင်ကျက်နေတဲ့ကောင်။

ပေကျင်းတက္ကသိုလ်တစ်ခုလုံးရဲ့ အအေးဆုံးကောင်ကို ပြပါဆိုရင် ဒီကောင်ဝမ်ရိပေါ်ကိုပဲ ပြစရာရှိတာ။အထက်တန်းတုန်းက စာဂျပိုးဖြစ်ခဲ့တဲ့ကောင်တွေတောင် တက္ကသိုလ်ရောက်တော့ ယောကျ်ားဇာတိတွေပြလာပြီး အတွဲကိုယ်စီနဲ့။ဟောက်ရွှမ်းကလည်း ရုပ်ကလေးခပ်ချောချောမလို့ ပွေလိုက်ရှုပ်လိုက်ပြတ်လိုက်နဲ့ တက္ကသိုလ်ရဲ့အဆီအနှစ်ကို အပြည့်အဝ ခံစား၏။ဝမ်ရိပေါ် ပဲတစ်ယောက်တည်း ဘက်ပဲ့နေတာ။

ဝမ်ရိပေါ်ကို ကြိုက်တဲ့သူမရှိလို့လားဆိုတော့လည်းမဟုတ်။ဖြစ်နိုင်ရင် ပေကျင်းတက္ကသိုလ်တစ်ခုလုံးက မိန်းကလေးတွေရဲ့အိပ်မက်က ဝမ်ရိပေါ်နဲ့တစ်ခါလောက် တွဲသွားခွင့်ရဖို့ပဲ။ခက်တာက ဒီကောင်ရိပေါ်။မိန်းကလေးတွေရဲ့အချစ်ကိုရဖို့ထပ် ပိုက်ဆံရဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ကောင်။

ဒီလို ရေခဲတုံးကို ဖုန်းဆက်တာ ဘယ်မေဂျာက လေဒီအလှလေးလဲ?

" ကျောင်းသားရိပေါ်က ဖုန်းဆက်တာ ယောကျ်ားလေးအသံနော်! "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now