A Marriage 10

2.1K 201 0
                                    

" ဝမ်ရိပေါ် က တကယ်ပဲ ကျွန်မကို သဘောကျတာလား ဟင် "

" အာ...ဟုတ်။ကျွန်တော် ယွီဖေ့ကို သဘောကျပါတယ်ဗျ "

သူ့အရှေ့က အမျိုးသမီးလေးက လှသည်။
ရိုးရိုးယဥ်ယဥ်လေးနဲ့ မျက်လုံးအေးစေတဲ့ အလှဖြစ်သည်။ပုံစံလေးကတော့ ပွေတက်ရှုပ်တက်တဲ့ မိန်းကလေးမျိုးဖြစ်ပုံမရ။သူ့အိန္ဒြေလေးနဲ့သူ ထက်မြက်တဲ့မိန်းကလေး ဖြစ်ပုံပေါ်သည်။

ခါးအထိ ကျနေသော ဆံသားအရှည်များက မိန်းကလေးတစ်ယောက်၏အလှကို ကြော့ရှင်းစေသည်။အရပ်အနေအထားကလည်း ရိပေါ်ထပ်အပုကြီးမဟုတ်။ဘာကိုမှ အထူးတလည်ချယ်သ မထားတဲ့မျက်နှာရှင်းရှင်းဟာ မိဖုရားတစ်ယောက်ရဲ့ မျက်နှာထားမျိုးမဟုတ်။ဘုရင်မ တစ်ယောက် ဖြစ်သည်။

ဟောက်ရွှမ်းရဲ့ သူငယ်ချင်းဆိုတော့ ရိပေါ်က ဟော့ဟော့ရမ်းရမ်း မိန်းကလေးမျိုးထင်နေခဲ့တာ။ဒီလို အဖိုးတန်မိန်းမကောင်းလေးမှန်း မသိခဲ့။

' စီနီယာရှောင်းကျန့်နဲ့ တကယ်မပက်သက်ချင်ဘူးဆိုရင် ငါ့သူငယ်ချင်းတစ်ယောက်နဲ့ ချိတ်ပေးမယ်။သူက မင်းအကြိုက်ဖြစ်မှာသေချာပေါက်ပဲ '

သူ ရက်အတော်ကြာ စဥ်းစားခဲ့ရသည်။သူ တကယ်ပဲ စီနီယာရှောင်းကျန့်နဲ့ မပက်သက်ချင်ဘူးလား။အရင်ကတော့ မပက်သက်ချင်တာ သေချာသည်။အခုက မသေချာတော့ပါ။တစ်ပတ်တိတိသူ့နောက်ပဲ လိုက်နေခဲ့တဲ့ အဲ့ဒီလူက အခုပျောက်နေတာ ရက်နေကြာပြီ။ကိုယ့်အနား အမြဲရှိနေတဲ့သူက ရုတ်တရက်ကြီးစာမလာ သတင်းမကြားနဲ့ ပျောက်သွားတော့ ထိုသူရဲ့လျစ်ဟာနေမှုက လူကို စိတ်ဒုက္ခပေးလွန်းသည်။

ကျောင်းမှာလည်း သတင်းတွေက သို့လောသို့လော အမျိုးမျိုးထွက်နေ၏။
စီနီယာရှောင်းကျန့်က ပေအိမ်တော်ကသားနဲ့ စေ့စပ်သွားတာက တစ်မျိုး၊နိုင်ငံခြားကို ပညာတော်သင်ခွင့်ကျလာပြီလေ ဆိုတာကတစ်ဖုံ။စီနီယာတင်ရမဲ့ အဆိုင်းမန့်အတွက် အလုပ်ရှုပ်နေတာပါဆိုတာကလည်း
တစ်ခု။သတင်းတွေက မျိုးစုံကိုထွက်နေတာ။ထွက်တဲ့သတင်းတိုင်းကို အလွှတ်မခံနိုင်ဘဲ လိုက်နားထောင်ပြီး ရင်ပူလိုက်တွေးပူလိုက် ဖြစ်နေတာက ဘယ်သူမှမဟုတ်ဘူး။ဒီကကောင် ဝမ်ရိပေါ်!

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now