A Marriage 26

1.8K 175 0
                                    

" ကဲ ရှင်းစမ်း။ပြော...ခင်ဗျားပြောတော့ "

" ဒေါသတွေမကြီးပါနဲ့ မောင်ရာ! "

" ဘာ့ကြောင့် ခင်ဗျားအဖေအိမ်မှာ အိပ်ရမှာလဲ။ဘာအကြောင်းကြောင့်လဲ "

" ဘာလို့ ငါ့ဒယ်ဒီကိုခါးခါးသီးသီးတွေဖြစ်နေတာလဲ မောင်ရယ်။ငါ့ဒယ်ဒီကယောကျ်ားတစ်ယောက်နဲ့ခိုးရာလိုက်ပြေးပြီး အိမ်ပြန်ရောက်လာတဲ့ငါ့ကို ထိုးကြိတ်ပြီး မဆုံးမလို့လား "

ဒါ သူ့အဖေကို ရွဲ့ပြောနေတာ။

"ခင်ဗျားကျုပ်အဖေကိုမစော်ကားနဲ့ ရှောင်းကျန့် "

" ငါတောင် မောင့်မိဘတွေနဲ့ အဆင်ပြေအောင်နေပေးခဲ့သေးတာပဲ။မောင်လည်း ငါ့မိဘတွေနဲ့ အဆင်ပြေအောင်နေပေးလေကွာ! "

"ကျုပ် ခင်ဗျားမိဘအိမ်မှာ နေကိုမနေချင်တာ "

မာနတွေကြီးလွန်းတဲ့မောင်က သူ့ဒယ်ဒီရဲ့အာဏာအောက်မှာ မနေချင်တာ သူသိပါသည်။ဒါပေမဲ့လည်း အခုချိန်မှာ မာနတွေက ဘာမှသုံးစားလို့မရကြောင်း ​ဝမ်းစာအတွက် အဆင်ပြေအောင်အရင်လုပ်ရမယ်ဆိုတာ မောင်နားလည်အောင် သူသေချာပြောပြမည်။

ရှောင်းကျန့်လည်း သူသိပ်ချစ်ရတဲ့မောင့်ကို မာနတရားနဲ့ လူတိုင်းရဲ့အထက်မှာရှိနေတာပဲ မြင်ချင်တာပေါ့။သူ့ဒယ်ဒီအရိပ်အောက်မှာ အပိုးကျိုးနေမဲ့သားမက်အဖြစ်မမြင်ချင်လှပါ။သူတို့ဘဝ မချောင်လည်သေးသ၍ ကြုံလာမဲ့ဆင်းရဲ ဒုက္ခအချို့ကို ခဏတော့ သည်းခံမှရမည်။

" မောင်ရယ်! ငါတို့အိမ်ငှားက ရှာလို့မလွယ်သေးဘူးလေ။တကယ်လို့ အိမ်ငှားရရင် ငါတို့ဒယ်ဒီအိမ်ကနေ ထွက်သွားကြမယ်လေ "

" ကျစ်! ခင်ဗျားက စောက်ဇယားရှုပ်နေတာ "

" မောင်ကလည်း! အခုဆို ငါကအိမ်ထောင်သည်လေ။ငါ့ကို အလုပ်ခန့်ချင်တဲ့သူရှိမှာမဟုတ်ဘူး။ငါက အသက်လည်းကြီးနေပြီကို! ငါ..ဒယ်ဒီလက်အောက်က ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်မလို့။လစာလည်း ကောင်းတယ် မောင်ရဲ့ "

" ကုမ္ပဏီမှာ ဝင်လုပ်မယ်? ဘာသဘောလဲ?
ဘယ်တုန်းက ခင်ဗျားအဖေ ကုမ္ပဏီမှာ ဝင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာလဲ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now