A Marriage 22

1.8K 172 0
                                    


" သားဝမ် "

" အာ! အဖေ....တစ်ရေးနိုးလာတာလား "

အဖေက တရေးနိုးလာတာဖြစ်နိုင်သည်။အဖေနဲ့မားက အသက်ကြီးပိုင်းရောက်နေပြီမလို့ ညပိုင်းတစ်ရေးနိုးရင် ပြန်မအိပ်ပျော်တက်ကြ။

" သောက်ဦးမှာလား အဖေ "

ခွက်ကို လှုပ်ပြတော့ အဖေက ခေါင်းတစ်ချက်ငြိမ့်ပြသည်။ဖန်ခွက်လေးထဲ ဆန်အရက်နည်းနည်းထည့်ပေးတော့ အဖေက တစ်ချက်တည်းနဲ့အကုန်မော့သောက်၏။

အစကတော့ သူတစ်ယောက်တည်း အိမ်အနောက်က ကွပ်ပျစ်လေးမှာထိုင်ပြီးသောက်နေတာ ညဦးပိုင်းကတည်း။အခုလည်း ဘယ်အချိန်ရှိနေမှန်းမသိ။ကြယ်တွေကတော့ ကောင်းကင်ပေါ် စုံစုံလင်လင်ရှိနေပြီးပိုးစုန်းကြူးငယ်တွေကလည်း တစ်ကောင်စနှစ်ကောင်စ ရှိနေသည်။

"မင်းက ငယ်သေးတယ်။အများကြီး မသောက်နဲ့ဦး "

" အဖေ...ကျွန်တော်စိတ်ညစ်နေတယ် "

" သားကျန့်နဲ့ ရန်ဖြစ်ထားလို့လား "

" ကျွန်တော့်ဘေးမှာ သူမရှိရင် အိပ်လို့မပျော်ဘူး အဖေ "

" အဟမ်း "

ရုပ်တည်ကြီးနဲ့ အဖေက ချောင်းတစ်ချက်ဟန့်သည်။အစကတော့ သူလည်း အိပ်ဖို့ကြိုးစားပါသေးတယ်။သူ့နံဘေးက ပိန်ရှည်ရှည်လူသားလေးရဲ့ အနွေးဓာတ်ကလေးမရှိရင် သူအိပ်လို့မပျော်။
ချစ်သည်းရဲ့ ခါးသေးသေးလေးအစား ဖက်လုံးကို ပြောင်းပြီးဖက်အိပ်ကြည့်လည်း ဘယ်လိုမှ အဆင်မပြေ။ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်ကြီးနဲ့ ဘာလိုလို့လိုမှန်းမသိဖြစ်နေတာ။ရင်ဘတ်ကြီးတစ်ခုလုံး ဟာတာတာနဲ့ နေလို့ထင်လို့မကောင်း။

ချစ်သည်းနဲ့မယူခင်ကတော့ တစ်ယောက်တည်းအိပ်လည်း ကိစ္စမရှိပေမဲ့အခု ယောကျ်ားယူပြီးတော့မှ ယောကျ်ားရဲ့ကောင်းကျိုးကို သိပြီး တစ်ယောက်တည်းမအိပ်ချင်တော့။

"သားကျန့်က ငါ့သားကိုချစ်ပါတယ်။သားပြောသလိုဆို သားကျန့်က အသိုင်းဝိုင်းကြီးထဲကမလား...သူ့အသိုင်းဝိုင်းကိုပြစ်ပြီး သားနောက်လိုက်လာကတည်းက သားမှာ တာဝန်ရှိနေတာ "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now