A Marriage 19

1.8K 182 0
                                    

" အကိုဝမ်က ဟိုအကိုကို စောင့်နေတာလားဟင် "

ကြည့်ရတာ ဒီကောင်မလေးက ချစ်သည်းကို သိနေတဲ့ပုံပင်။

ရှန့်ပုံက မြို့ငယ်လေးမလို့ သူနဲ့ချစ်သည်း ခိုးပြေးတဲ့သတင်းက တစ်မြို့ကို ပြန့်နေပြီ။လူတိုင်းက ထငျမွငျခကြျအမြိုးမြိုးပေးကွသလျို ပုတ်ခတ်စော်ကားနေကြတာတွေက အများသား။အဖေကတော့ ယောကျ်ားဆိုတာလုပ်ရဲရင်ခံရဲရမယ် ဆိုပြီး အားပေးသည်။မားကတော့ မျက်ရည်ကျ၏။ဒါတွေကို သူ့ချစ်သည်းက မသိ။

သူကလည်း ချစ်သည်းကို ဘယ်မှသိပ်မထွက်ခိုင်း။ညနေခင်းနဲ့ မနက်ခင်းဆို မြစ်ဆိပ်က လူတွေအစည်ဆုံးအချိန်မလို့ ပြောတဲ့အတင်းအဖျင်းတွေလည်း သိပ်ပေါသည်။ဒါ့ကြောင့် ချစ်သည်းကို သူကပဲ ရေခပ်ပေးသည်။သူ့ချစ်သည်းက မြို့ကြီးမှာ ကြီးပျင်းလာတဲ့သူ။အဖေဖြစ်သူဝန်ကြီးရဲ့ အရှိန်အဝါနဲ့ ကြော့ကြော့မော့မော့လေးနေခဲ့ရတဲ့ သူ့ချစ်သည်းကို မကောင်းတဲ့စကားတွေကို မကြားစေချင်ပါ။

" ဟုတ်တယ်...ယဲ့ယဲ့ကရော ဘာကိုစောင့်နေတာလဲ "

" ဟို ဟိုဟာ! "

" ဟော ဟိုမှာကားလာပြီ "

အဝါရောင် ဘတ်စ်ကားကြီးက လူအပြည့်ကိုသယ်ဆောင်လာကာ သူ့ချစ်သည်းက ဦးဆုံးကဆင်းလာ၏။တစ်နေ့လုံးရုံးမှာ ပင်ပန်းလာလည်း အိမ်ပြန်တဲ့အချိန်တိုင်း သူ့ချစ်သည်းက အပြုံးမျက်နှာလေးနဲ့။ဒီဒေသနဲ့ တည့်ပုံရတဲ့ချစ်သည်းက အရင်ကထပ်စာရင် ခန္ဓာကိုယ်ပြည့်လာသည်။ လက်ချောင်းသွယ်သွယ်လေးတွေကလည်း အခုဆို ပြည့်ပြည့်ဖောင်းဖောင်းလေးတွေကို ဖြစ်လို့။
အနေဆင်းရဲ အစားဆင်းရဲဆိုပေမဲ့ သူ့ချစ်သည်းက ပျော်နေတဲ့ပုံမလို့ တော်သေးတာပေါ့။

မယူခင်ကတော့ ချစ်သည်းကို အလုပ်မလုပ်ခိုင်းရက်ဘူး ဘာညာလေကျယ်ခဲ့သမျှ အခုချိန်မှာ သူကဘာမှအဖြစ်မရှိသေး။ချစ်သည်းတောင် အလုပ်ရနေပြီ။သူက ချစ်သည်းလုပ်စာကို ထိုင်စားနေရတုန်း။သူလည်း အလုပ်ရှာနေတာပဲ။သူ့ပညာအရည်အချင်းနဲ့ ဆန်စက်မှာ စာရေးသွားလုပ်တော့လည်း ' ဆန်စက်ပိုင်ရှင်သမီးက မောင့်ကို ကြည့်နေတဲ့ အကြည့်တွေကို ငါသဘောမကျဘူး ' ဆိုပြီး မလုပ်ခိုင်း။အဖေတို့လို လယ်စိုက်မယ်ဆိုတော့ကျ ' မောင့်ကို နေပူကြီးမှာ ငါကဘယ်ခိုင်းရက်မှာလဲ ' ဆိုတဲ့ အချွဲသံလေးနဲ့ ဘာအလုပ်မှမလုပ်ခိုင်းပေ။သူကလည်း ချစ်သည်းချွဲရင် မခံနိုင်။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now