2004
" သားဝမ် ဟိုရောက်ရင် မားတို့ကိုဖုန်းဆက်ဦးနော်! ဦးလေးကြီးကျွမ်းရဲ့နံပါတ်သေချာမှတ်မိတယ်မလား "
" ဟုတ် မှတ်မိပါတယ် "
ရှန့်ပုံမြို့ကနေ ပေကျင်းကို တိုက်ရိုက်ရောက်တဲ့ ရထားလမ်းမရှိ။သူတို့အခု လမ့်ဟဲမြို့ဘူတာရုံရောက်နေတာဖြစ်သည်။ရှန့်ပုံမြို့ကလေးကနေ လမ့်ဟဲမြို့ကို နှစ်နာရီကားစီးပြီးလာရသည်။သူတို့တစ်မြို့နယ်လုံးမှာ လမ့်ဟဲမြို့ဘူတာရုံကသာ ပေကျင်းကို တိုက်ရိုက်ရောက်တာဖြစ်သည်။
မားပြောတဲ့ ဦးလေးကျွမ်းဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်သည်။ရပ်ရွာအဆင့်ရှိတဲ့ မြို့နယ်လေးက ခပ်သေးသေးမလို့ အုပ်ချုပ်ရေးမှုးဆိုတာ အကောင်ကြီးကြီးမဟုတ်။သို့ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတွင် တယ်လီဖုန်း ပြောလို့ရသည်။ကိုယ်က အဝင်ကော ဆက်လို့မရပေမဲ့ နယ်ဝေးကလာတဲ့ ဖုန်းကိုတော့ ပြောခွင့်ရှိသည်မလို့ သူ့မားမားက ဦးလေးကြီးကျွမ်းရဲ့ နံပါတ်ကို အလွတ်ကျက်မှတ်ခိုင်းထားခြင်းပေ။
" အကိုရော သားကိုမှာစရာမရှိတော့ဘူးလား "
အဖေနဲ့သူကတော့ အခုထိမတည့်သေး။မားမားကတော့ ရထားပလပ်ဖောင်းဘေး
ကနေ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့။သူ့အတွက်လည်း ဒါဟာ မိဘအရိပ်နဲ့ ပထမဆုံးဝေးကွာသည့် ခရီးစဉ်ဖြစ်သည်။ရင်ခုန်တာ ၊ရင်တုန်တာထပ် ဒီခရီးစဉ်ကိုမလိုလားတဲ့သူမလို့ အခုချိန် ရထားပြတင်းပေါက်နေ ခုန်ဆင်းရင်ကောင်းမလားလို့တောင် သူရူးကြောင်ကြောင် တွေးနေမိသည်။" ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်။မင်းနေမကောင်းရင် ပြုစုပေးမယ် မင်းအမေ မရှိဘူး "
" ဟုတ်ကဲ့ အဖေ! "
' အားလုံးပဲ ရထားစထွက်ပါတော့မယ် '
ဥသြဆွဲသံနဲ့အတူ ရထားကြီးသည် ဂျောက်ဂျက်ဂျောက်ဂျက်မြည်လာသံသည်။ရထားတစ်ခုလုံးသည် သက်သောင့်သက်သာမရှိအောင် အနည်းငယ် ခါရမ်းစေ၏။ရထားအတွင်းရှိလူအားလုံးသည်လည်း ရထားနံဘေးတွင် ကျန်ရစ်မည့်မိသားစုကို လက်ပြနှုတ်ဆက်က မျက်ရည်များဝဲနေကြသည်။