A Marriage 37

1.7K 159 2
                                    


ဒီနေ့ည ရိပေါ်အချိန်ပိုင်းအလုပ်ကနေ နားရက်ယူထားသည်။ချစ်သည်းလည်း နေမကောင်းသေးတာကြောင့် သူ့ချစ်သည်းအနားမှာ ပက်ကျိလေးလို ကပ်နေမလို့။လက်ထဲမှာလည်း ချစ်သည်းစားချင်နေတဲ့ ဂဏာန်းပေါင်းတစ်ထုပ်နဲ့ ဝမ်ရိပေါ်က ဝန်ကြီးအိမ်ယာထဲ ဖားပြုပ်လေးလို မြှောက်စွမြှောက်စွနဲ့ ဖြစ်နေခဲ့သည်။ရိပေါ်လက်ထဲက ဂဏန်းက နယ်နယ်ရရဂဏန်းမဟုတ်! မြစ်ဂဏန်းသီးသန့်ဖြစ်ကာ စျေးကြီးပေးခဲ့ရ၏။

" သားမက်ဝမ် သားကျန့်ဘာဖြစ်လာတာလဲသိလား "

" ခဗျာ ~ "

" သားမက်ဝမ်ကို သွားကြိုမယ်ဆိုပြီးထွက်သွားတာ။ပြန်လာတော့ သားမက်ဝမ်လည်းမပါဘူး။သားကျန့်မျက်နှာလည်းမကောင်းဘူး! သားတို့ ရန်ဖြစ်လာသေးတာလား "

ချစ်သည်း ကျောင်းကိုလာသွားသေးတာလား?

သူကျောင်းမှာရှိနေတုန်း ချစ်သည်းရောက်လာတာ မမြင်မိပါ။အကိုစုန်ကို ကားဂိတ်လိုက်ပို့ပြီး
ညစျေးတန်းကနေ ဂဏန်းပေါင်းဝယ်ပြန်လာတာပဲ။တစ်လမ်းလုံးချစ်သည်းအရိပ်ယောင်တောင် တွေ့ခဲ့တာမဟုတ်ဘူး!

ပြီးတော့ သူတို့ ပေကျင်းကိုရောက်ခါစလေးကသာ ရန်ဖြစ်တာ။အခုဆို စကားများရန်မဖြစ်တာ လအတော်ကြာပြီ။ချစ်သည်းကလည်း သူ့အလုပ်နဲ့သူအားတာမဟုတ်တော့ ရန်ဖြစ်ဖို့အချိန်မပေးနိုင်။သူကလည်း အလုပ်မှာပင်ပန်းလာတဲ့ချစ်သည်းကို စိတ်ဒုက္ခမပေးချင်တာနဲ့ အသေးအမွှားလေးကအစ အသေးစိတ်လိုက်မပြောတော့ပေ။

" ကျွန်တော်နဲ့ ကျောင်းမှာမတွေ့ခဲ့ဘူးဗျ။ဘာကောက်နေလဲမသိဘူး! ကျွန်တော်အပေါ်တက်ပြီး ကောက်စိန်ကို ချော့လိုက်ဦးမယ် "

" ဟုတ်ပြီသားမက်ဝမ်။မာမီ့သားလေးကို သည်းခံပေးပါဦးကွယ် "

တကယ်ဆို ဝမ်ရိပေါ်ရဲ့ယောက္ခမတွေက တကယ်ကောင်းလွန်းပါသည်။သူတို့လင်မယားကြား ဘာမှဝင်စွက်ဖက်တာမရှိသလို ဟိုဟာလုက်ဒီဟာလုပ်ဆိုပြီး ဝင်ပြောတာမရှိ။ယုတ်စွအဆုံး ချစ်သည်းအလုပ်လုပ်ပြီး ရိပေါ်က အခန့်သားကျောင်းတက်နေတာတောင် ရိပေါ်ကို အပြစ်တစ်ခွန်းမဆို။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now