A Marriage 52

1.7K 106 1
                                    

အပြင်ကိုဖောက်ထွက်ချင်နေတဲ့ ဆီးအိတ်ကြီးကဗိုက်အပြည့်ဖောင်းနေကာ အခုမှမစွန့်ထုတ်ရင် နောင်တရဖွယ်ကိစ္စကြီးလို အရေးတကြီးဖြစ်နေတဲ့ ကျိရန်ရဲ့ဒုက္ခကို ဘယ်သူကစာနာပေးနိုင်မလဲ။သေးပေါက်ချင်ပါတယ်ဆိုကာမှ အမျိုးယုတ်လေးက အောက်လုံးစကားတွေနဲ့လူကို ရိသဲ့သဲ့တွေလုပ်နေတာ။

ယောကျ်ားချင်း ဘောင်းဘီခပ်တိုတိုဝတ်ပြီး သူတစ်ချက်ကိုယ်တစ်ချက်ထိုးရတာက ဘာမှမဖြစ်ဘူး။နာချင်းနာ အသားပဲနာတာ။ဂုဏ်သိက္ခာကို ထိပါးခံရရင်တော့ အသည်းထဲကိုနာသည်။

" အမလေး "

သွေးလန့်ဖွယ်မြင်ကွင်းတစ်ခုဟာ အမှတ်မထင်တွေ့လိုက်ရသလို ကျိရန်အမလေးတမိလေသည်။

" ဘယ်သူ ~ "

ကြီးမားလွန်းတဲ့ ထမင်းစားပွဲအရှည်ကြီးရဲ့ ထိပ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ လူတစ်ယောက်။အသက်သုံးဆယ်နီးပါးခန့်မှန်းရတဲ့ ရုပ်ရည်နှင့်မျက်နှာအရိုးများပင် အထဲကိုချိုင့်ဝင်ကာ အနီရဲရဲခွက်ကလေးကို ကိုင်ထားတဲ့လက်ချောင်းများဟာလည်း အရေပြားများကပါးလျပ်ကာ အထဲကသွေးကြောများလှုပ်ရှားနေသည်ကိုပင် ဖောက်မြင်နေရသည်။

အသားရည်များက သွေးမရှိတဲ့
လူပမာလူတစ်ယောက်လို ဖြူဖျော့နေပြီး ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းပါးလေးက ပွင့်ဟနေကာ ကျိရန်ကို အံ့သြတကြီးကြည့်နေသည့်ပုံစံက အကြည်ဓာတ်တစ်ခုရှိနေပြီး တစ်ဖက်လူကို
ရင်ထဲသိမ့်သွားအောင် လွှမ်းမိုးနေသည့်အင်အားတစ်ခုက ထိုလူ့အနားတွင်ဝေ့ဝဲနေသည်။

" မောင့်သူငယ်ချင်းဟောက်ရွှမ်းရဲ့ အကိုဆိုတာလားဟင် "

အသံလေးကား နားဝင်ချိုလှသည်။
တိုးသဲ့သဲ့ဆိုပေမဲ့ ကြည်စင်နေသော အသံလေးဖြစ်သည်။

အစိမ်းရောင်တီရှပ်အပွကိုဝတ်ထားသည်လားမသိ။တီရှပ်ကပွယောင်းနေကာ လည်ပင်းချိုင့်က ညှပ်ရိုးတွေဟာ အသားမပြည့်ဝတဲ့ကြက်အရိုးတွေလို ထောင်ထွက်နေလေသည်။

" ရိပေါ်ရဲ့အမျိုးသားလားဗျ။ကျွန်တော့်နာမည် စုန်ကျိရန်ပါ။တွေ့ရတာ ဝမ်းသာပါတယ် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete Onde histórias criam vida. Descubra agora