A Marriage 48

1.4K 105 5
                                    

ဓားအချွန်ထက်ထက်နဲ့ ကိုက်ဖြတ်ခံရသော အဖြူရောင်လက်သည်းခွံများက အဝတ်တစ်ခုခံထားတဲ့ကြမ်းခင်းပေါ် တစ်ခုချင်းကွာကျသည်။ဝမ်ရိပေါ် လက်သည်းညှပ်တာတော်တဲ့ကောင်မဟုတ်ဘူး!

တုံးတိအနေအထားနဲ့လက်ချောင်း​လေးတွေက ရှုမဝချင်စရာလေးတွေ။ဝမ်ရိပေါ်ညှပ်ပေးထားတဲ့ မညီမညာလက်သည်းတွေကတော့ ကြည့်ရဆိုးလွန်းတာပေါ့။ဘယ်ဘက်လက်သန်းကလေးဆိုရင် ဝမ်ရိပေါ်အညှပ်ပေးလွန်ပြီးသွေးကလေးတောင် ခပ်စို့စို့ဖြစ်နေချေ၏။

" မောင့်ကြောင့် ချစ်သည်းလက်ချောင်းလေးတွေပုံစံပျက်သွားပြီ "

မောင်ဟာအပြစ်လုပ်မိထား​လို့ ရှက်နေသည့်ကောင်ငယ်လေးပမာရယ်သွမ်းသွမ်းနဲ့ ပြော၏။ဒီမာနတွေနဲ့ကောင်လေးရှက်ရယ် ရယ်ရင်ရှောင်းကျန့်ဘယ်လောက်တောင် ရင်တွေခုန်ရသလဲဆိုတာ ဒီမောင်မသိဘူး။

ရှောင်းကျန့်သောက်နေရတဲ့ ဆေးတွေထပ်
မောင့်အပြုံးတွေက ရင်ကိုပိုပြီးတလှပ်လှပ်
ဖြစ်စေတယ်လို့ပြောရင် သိပ်ကိုအကဲပိုတယ် ဖြစ်နေဦးမှာ!

" အလှမလိုပါဘူးကွာ! မောင်ညှပ်ပေးတာပဲ ငါလိုချင်တာ "

မောင်က သူ့ကိုယုယတဲ့ပုံစံတွေဟာ ရှောင်းကျန့်အလိုချင်ရဆုံး ပုံရိပ်တွေပဲ။မောင်က ရှောင်းကျန့်ကို ဂရုစိုက်တယ်။ရှောင်းကျန့်အပေါ် ကြင်နာပေးတယ်။မောင်က ရှောင်းကျန့်ကို မငြိုငြင်ပါဘူးတဲ့။
ရှောင်းကျန့်ရုပ်ဆိုးသွားတာတောင် မောင်ကအချစ်မလျော့ပါဘူးတဲ့လေ။

သွေးသားနှီးနှောဖို့ ရှောင်းကျန့်ကြိုးစားခဲ့တာတောင် ချစ်သည်းတစ်ခွန်းခေါ်ပြီး ဟန့်တားစေခဲ့သူ။လေသံမာမာ အငြင်းစကားတစ်ခွန်းမဆိုဘဲ အနုနည်းနဲ့ဖယ်ထုတ်သွားတဲ့သူ။

ရှောင်းကျန့်ရဲ့မောင်က ဉာဏ်ကောင်းလွန်းတာပဲ။

' မောင် ငါ့လက်သည်းတွေရှည်နေပြီ။မောင် ညှပ်ပေးပါလား '

' လာ မောင့်ရင်ခွင်ထဲလာခဲ့ "

ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ပြီး မောင်ကခေါင်းလုံးလုံးကိုမွှေးကြူသည်။အရင်ကလိုသာဆို ဆေးအနံ့တွေနဲ့သူ့ခန္ဓာကိုယ်ကြီးနဲ့ မောင်ကိုမထိတွေ့စေချင်ပေမဲ့ အခုကျရှောင်းကျန့်ရေချိုးထားပြီးတဲ့ အုန်းမွှေးလုံး​လေးဖြစ်လို့နေသည်။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ