A Marriage 41

1.7K 157 3
                                    

ပေကျင်းမြို့ ဘူတာရုံကြီးတွင် နယ်မြို့ပေါင်းများစွာမှဆိုက်ရောက်ရာ ဂိတ်ပေါင်းများစွာကလည်း လူအများအပြား ဖြင့်စည်းကားနေသည်။ဂိတ်ဘူတာကြီးရှေ့ အဝတ်သေတ္တာတစ်လုံးရယ်၊ခြင်းအကြီးတစ်လုံးရယ် ချထားပြီး ဟိုတောင်ကြည့်ဒီတောင်ကြည့်လုပ်နေသော အမျိုးသားကြီးနဲ့အမျိုးသမီးကြီးမှာ တောင်သူတောင်သားမှန်းသိသာစွာ ဝတ်စားပုံကအစ မြို့ပြနှင့်မတူ ကွဲထွက်နေလေ၏။

နေ့ခင်း၏ နေအပူရှိန်က ငယ်ထိပ်တည့်တည့်ပေါ်ကျချိန် လူများရှုပ်ယှတ်ခတ်နေသော မြင်ကွင်းများက တကယ့်ကိုပူလောင်အိုက်စပ်လှပေကာ ထိုအမျိုးသားကြီးကတော့ မျက်နှာထားတင်းတင်းနဲ့ တစ်စုံတစ်ရာကို ရှာဖွေနေဟန်ပင်။

" အကို ရှင့်သားက မလာသေးဘူး "

" မင်းကလည်း သားဝမ်က မအားသေးတာလည်းဖြစ်နိုင်တာပဲ။တို့တွေ စောင့်ရလည်းဖြစ်တာပဲကိုကွာ။ပြီးတော့ သားကျန့်ကသက်သာရဲ့လားလည်း
မသိဘူး "

" အဟင်းး! အဲ့ကောင်လေးလည်း သနားပါတယ်။
ဗိုက်ထဲမှာကလည်း ကလေးရှိနေတော့ ရောဂါက ကုချင်တိုင်းကုမရဖြစ်နေတာ "

သားမက်လုပ်သူနဲ့ မတည့်တာမှန်ပါတယ်။သားနဲ့ပက်သက်မှ တော်စပ်ရတဲ့ ကောင်လေးဆိုပေမဲ့ သူမသားအရင်းလို သ​ဘောထားချင်လည်း သားဝမ်ကို သူမတောင် ချစ်လို့မဝသေးဘဲ သူစိမ်းတစ်ရံလက်ထဲ ထိုးပေးလိုက်ရတော့ မိခင်ဖြစ်တဲ့သူမကရော ရင်နာခွင့်မရှိဘူးလား။

သူမအရွဲ့တိုက်ခဲ့သမျှက သားဝမ်တို့အိမ်ထောင်ရေးပျက်ပြားစေဖို့ မရည်ရွယ်ခဲ့ပါ။သားမက်ကို သားဖြစ်သူမသိအောင် ဆူပူကြိမ်းမောင်းတာတွေ၊အရွဲ့အစောင်းတွေ လုပ်ခဲ့လည်း သိတက်လွန်းတဲ့သားမက်က သူမ ပြောရင် ငြိမ်ခံတာကလွဲပြီး သားဖြစ်သူကိုလည်း ပြန်တိုင်တာမျိုးမရှိ။တစ်ဖက်ကောင်လေးရဲ့ စိတ်ရင်းကိုသိလာရလေ သူမအပြစ်တွေကို ပိုပြီးမြင်ရလေလေ။

" ကျွန်မတို့ သားမက်လေး အဆင်ပြေပါ့မလား။
သားဝမ်ပြောသလိုသာဆို ရောဂါက အတော်ဆိုးမဲ့ပုံနော် "

ပညာတက် မဟုတ်တဲ့သူမတို့က ရောဂါအကြောင်းဆိုတာလည်း မယ်မယ်ရရမသိ။သားဝမ် ပြောပြတဲ့အကြောင်းအရာလေးတွေသာ သိထားရ၏။သူမတို့ကို ဖုန်းဆက်ရင်း သားဝမ်ငိုနေတာကို သူမတို့သိသည်။သူမဝမ်းနဲ့ လွယ်မွေးထားရတဲ့ကလေးပါ။ဒီကလေး ဘယ်လိုခံစားနေရမလဲဆိုတာ ကောင်းကောင်းသိတာပေါ့။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now