A Marriage 43

1.6K 116 2
                                    

အိမ်တော်ကြီးတစ်ခုတွင်။

" ခင်ဗျား ပုံစံက ဒီအတိုင်းကဒီအတိုင်းပဲ။ပြင်နေလည်း ဘာမှထူးလာမှာမဟုတ်ဘူး။အချိန်ကြာတယ်ဗျာ.... မြန်မြန်လာခဲ့တော့ "

ဝမ်ဟောက်ရွှမ်းဆိုတာ
နှုတ်ကြမ်းလျှာကြမ်း မိန်းမကြမ်းတွေနဲ့ မထူးမခြားနား။ဒါတောင် သူတို့အင်ဂျင်နီယာ
မေဂျာဘက်မှာ King ဘွဲ့ရထားသေးတယ်ဆိုပဲ။
ကောင်မ​လေးတွေနဲ့လည်း မရှုပ်မရှင်း
သတင်းတွေကမနည်းဘူး ဆိုပြီး ကျိရန်အပတ်တိုင်းစာသွားသင်ပေးနေတဲ့ တပည့်က ဒင်းအကြောင်းအကုန်ပြောပြသည်။

ကျိရန်အလိုအတိုင်းသာဆို အဲ့လိုမျက်နှာပေးမျိုးနဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားအမျိုးယုတ်ကောင်အစား ရိုးသားကြိုးစားပြီးအနေတည်တဲ့
ဝမ်ရိပေါ်ကိုပဲ အမှတ်ပြည့်ပေးတယ်။ဒင်းလို မျက်နှာရှစ်ခေါက်ချိုးနဲ့ကောင်ကို စိတ်ကူးထဲထည့်စရာလား။

" မင်းလိုမျိုး မွေးရာပါချောမနေတော့ ပြင်ရတယ် နားလည်လား "

" ရော်...အဲ့တာဆိုကျုပ်က ခင်ဗျားအမြင်မှာ ချောနေတယ်ပေါ့ ဟုတ်လား "

ဒူတာလား အတာလား မသိတဲ့ကောင်ကို မျက်စောင်းနဲ့ရွယ်မိတော့ အမျိုးယုတ်လေးက အဟုတ်ကြီး ပြုံးဖြီးနေတာဗျာ။ရွဲ့ပြောလို့ပြောမှန်းမသိနဲ့
လိုရာ ဆွဲတွေးတက်တာလေးကလည်း အမျိုးယုတ်လေးရဲ့ စောက်ကျင့်လေးပေါ့။

" ဟာ! အဲ့တာက အသားရည်စိုစေတဲ့ ဟာမလား။တော်ပြီ...လိမ်းမနေနဲ့တော့... "

ဒီလူက ဘာကိုလှလို့ လှချင်မှန်းမသိ။

ဒီလောက်လှနေတာကို ထပ်ပြီးပြင်နေရင် စုန်ကျိရန်ရဲ့ တစ်ကိုယ်လုံး ရောင်ခြည်တွေလွှတ်ထွက်လာတော့မှာ! အဆောင်မှာမနေချင်လို့ အိမ်လေးတစ်ပတ်လောက်ပြန်လာပါတယ်။ညညဆို ဒီလူက မျက်နှာကို သခွားသီးကပ်ပြီးပေါင်းတင်ရတာနဲ့။ညစာမစားဘဲ Diet လုပ်တာနဲ့။တကယ့်လူ ကွာ။

စုန်ကျိရန်ရဲ့ ခါးလေးကို ဟောက်ရွှမ်းတစ်ပွေ့စာပဲ။လူကောင်ကလည်း ထွာကြိုင်းနေတာ မဟုတ်ဘဲ ဝိတ်ချတယ်ဆိုတော့ ဒီလူ သူ့ကိုယ်သူ မိန်းမတွေထပ် ပိုလှတယ်ဆိုတာ မသိတာများလား။ကိုယ်က ခင်ဗျားလှပါတယ် လို့ပြောရင်လည်း စုန်ကျိရန်တို့က မိုးပေါ်အထိတက်မြှောက်သွားဦးမှာ!

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now