A Marriage 33

1.7K 172 2
                                    


ပေကျင်းမြို့ အထက်တန်းစားစားသောက်ဆိုင်တစ်ခုတွင်။

အပြာရောင်တီရှပ်နဲ့ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားတဲ့ကောင်ငယ်လေးက နောက်ကျောတွင် ကျောပိုးအိတ်တစ်ခုကို စလွယ်သိုင်းထားသည်။ကောင်ငယ်လေးရဲ့ဘေးက အမျိုးသားကတော့ အဖြူရောင်အနက်တိုင်းဝတ်စုံနဲ့ ရှင်းသန့်ပြီးချောမောနေကာ ဘယ်သူနေနေလည်ပြန်ငေးရလောက်အောင် ကြည့်ကောင်းလွန်းလှသည်။

ထိုအမျိုးသားနှစ်ယောက်က သူတို့ဆိုင်တွင် သီးသန့်ခန်းတစ်ခန်းဘိုကင်တင်ထားတဲ့ အမျိုးသားများဖြစ်သည်။နှစ်​ယောက်ထဲက အဖြူရောင်နတ်သားလေးက ဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းသောသားမှန်း မသိသူမရှိ။နံဘေးက တက္ကသိုလ်ကျောင်းသားလေးက ဝန်ကြီးချုပ်ရဲ့သားမက်ပင်။

ဝန်ကြီးချုပ်ရဲ့သားနဲ့သားမက်ကိုယ်တိုင် သူတို့ဆိုင်ကိုလာမှတော့ သူတို့မပေါ့ဆရဲပေ။တစ်နေ့လုံးဆိုင်ကာ သခင်လေးတို့အလာကိုမျှော်နေတာဖြစ်သည်။ဆိုင်တစ်ခုလုံးရဲ့ ဝန်ဆောင်မှုတွေကိုလည်း သခင်လေးတို့စိတ်ကြိုက် ပြင်ဆင်ထား၏။သခင်လေးတို့၏အမြင်တွင် သူတို့ဆိုင်က ဘာပြစ်ချက်မှမရှိဘဲ အကောင်းမွန်ဆုံးဖြစ်ရမည်။

" ချစ်သည်း ဒီဆိုင်က စျေးကြီးမယ်ထင်တယ်နော်"

" မောင့်​ယောကျ်ား ငါ့မှာပိုက်ဆံရှိပါတယ် ဆို "

" မောင်တို့အိမ်ငှားလည်း ရှာရဦးမှာလေ "

" အင်းငါလည်းအဲ့တာပြောမလို့! ပိတ်ရက်ကျ ငါတို့အိမ်ပွဲစားစီသွားကြမလားလို့လေ။မောင်လည်း
အတန်းမရှိတဲ့တစ်ရက်ရက်ပေါ့ "

" ပေးပေး မောင်ပုစွန် အခွံခွာပေးမယ် "

ရှောင်းကျန့် ပန်းကန်ထဲက ပုစွန်အကောင်ကြီးတစ်ချို့ကို ဆွဲယူသွားတဲ့ မောင့်ကိုကြည့်ပြီး
ရှောင်းကျန့်မျက်နှာကြီး မဲတက်လာ၏။မောင့်ပန်းကန်ထဲရောက်သွားတဲ့ အနီရဲရဲပုစွန်တွေကို ကြည့်ရင်းရှောင်းကျန့်လည်ချောင်းထဲ ပျို့တက်လာသည်။ပုစွန်ရဲ့အရသာကို မစားသေးရခင်မှာကတည်းက မီးကင်ထားမှန်းသိသာတဲ့ အနံ့ခါးခါးကြီးက နှာဝကိုရောက်လာပြီး လူက ဒီအစားအစာတွေကို မထိချင်တော့ပေ။

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now