A Marriage 30

1.8K 157 1
                                    


" ရှောင်းကျန့် ဟိုဟာ မင်းယောကျ်ားမဟုတ်လား "

" ဟမ်? ဘယ်မှာလဲ "

Reception ကောင်တာနားမှာ ကောင်လေးတစ်ယောက်ကို တွဲဖက်ထားတဲ့ မောင်။မောင်က ဒီဟိုတယ်ကို ဘယ်လိုရောက်နေရတာလဲ။ပြီးတော့ ကောင်ငယ်လေးတစ်ယောက်နဲ့။တွဲဖက်ထားတဲ့ အမူရာတွေနဲ့။

" ငါ ငါမောင့်စီ သွားလိုက်ဦးမယ် "

" နေဦးလေဟဲ့! အော်...နင့်မလဲ...ဒီအတိုင်းကြီး သွားတွေ့လို့ ဘယ်ရမလဲ "

ယောကျ်ားလုပ်တဲ့သူကို သွားတွေ့ဖို့ တပြင်ပြင်ဖြစ်နေတဲ့ ရှောင်းကျန့်လက်ကို သူမအားလေးနဲ့ မနည်းကိုဆွဲထားရသည်။လူကြည့်တော့အရိုးသာရှိတာ။ထွက်လိုက်တဲ့အားက ဆွဲထားတဲ့သူမတောင် နောက်လှန်ကျတော့မလို့!

သူမက နာမည်က ချင်လျန်းဖေ။သူမနဲ့ရှောင်းကျန့်က အလယ်တန်းနဲ့အထက်တန်းမှာတောက်လျှောက်ခင်ခဲ့တဲ့သူငယ်ချင်းတွေ။အထက်တန်းပြီးတော့ သူမက နယ်မြို့တစ်ခုကို ရွေ့ပြောင်းသွားခဲ့ပြီး ဒီလထဲမှာမှ ပေကျင်းကို အလုပ်ကိစ္စနဲ့ပြန်ရောက်တာဖြစ်သည်။မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းရှောင်းကျန့်နဲ့တွေ့တော့ ရှောင်းကျန့်က အိမ်ထောင်ကျပြီးပြီ။သူမကလည်း လက်ရှိမှာ ကလေးနှစ်ယောက်အမေဖြစ်နေပြီ။

သူနဲ့ရှောင်းကျန့်မှာတူညီတာက နှစ်ယောက်လုံးယောကျ်ားရသွားခြင်းပဲ။အိမ်ထောင်ရေးကို မစီစဥ်တက်တဲ့ရှောင်းကျန့်က ကလေးနှစ်ယောက်အမေဖြစ်တဲ့ လျန်းဖေကိုအားကိုးပြီး အကြံတောင်းသည်။သူမကလည်း သူငယ်ချင်းဖြစ်သူရဲ့ အိမ်ထောင်ရေးကို အဆင်ပြေစေချင်လို့ တစ်နေရာမှာချိန်းပြီး ညစာစားကြခြင်း။အခုသူမတောင် အကြံပေးလို့မပြီးသေးဘူး ရှောင်းကျန့်ယောကျ်ားက ကောင်လေးတစ်ယောက်ကို​ဖက်ထားပြီး ဟိုတယ်အခန်းယူနေသည်။

" ဟဲ့ နင်ဇွတ်မသွားနဲ့။သူတို့ဘာလုပ်လဲဆိုတာ အနောက်ကနေ လိုက်ချောင်းရမှာ "

" ငါက ဘာလို့မောင့်ကို လိုက်ချောင်းရမှာလဲ။မောင်က မဟုတ်တာ လုပ်မဲ့လူစားမဟုတ်ဘူး! "

" အေး အဲ့လိုမျိုးယောကျ်ားကို ကြပ်ကြပ်ယုံ။နောက်မှ ဂျိုပေါက်နေမယ်။အခုတော့အသာနေဦး။သေချာအောင် လိုက်ကြည့်ရမယ် "

A Marriage ( ပန်းကလေးငယ်ငယ်) Complete حيث تعيش القصص. اكتشف الآن