A Marriage 32

1.7K 149 2
                                    


ပေကျင်းတက္ကသိုလ်

" ဟိုလေ အင်ဂျင်နီယာမေဂျာဘက်ကို ဘယ်လိုသွားရမလဲဗျ "

" ဟိုအရှေ့က အဆောင်ပဲ။အကိုက ဒီကျောင်းက မဟုတ်ဘူးလား "

ကျိရန်နဲ့ အရှေ့ရှုရှုမှာရှိနေတဲ့ နီညိုရောင်ကျောင်းဆောင်ကြီးက အင်ဂျင်နီယာအဆောင်ပေ။ကျိရန်က နယ်ကမလို့ ဒီတက္ကသိုလ်ကြီးကို မတက်ဖူးခဲ့ပါ။တက္ကသိုလ်လမ်းမကြီးတောင် ဖြတ်လျှောက်ဖူးတာမဟုတ်ဘူး။ပြောဆို ပေကျင်းရောက်တာတောင်တစ်နှစ်ဝန်းကျင်ပဲရှိသေးတာ။

သူ့အမေယောကျ်ားရဲ့သားကတော့ ပေကျင်းတက္ကသိုလ်မှာတက်တယ်လို့တော့ ပြောသံကြားတာပဲ။ဘယ်မေဂျာမှန်းအတိအကျမသိ။ကျိရန်နဲ့ အဲ့ကောင်လေးက မတည့်။သူ့ဘာသာနေတဲ့ကျိရန်ကို အဲ့ဒီကောင်လေးက သပ်သပ်မဲ့အမြင်စောင်းနေတာ။ကျိရန်အမေနဲ့ အဲ့ကောင်လေးအဖေက သူတို့ဘာသာချစ်လို့ကြိုက်လို့ယူကြတာ။ကိုယ်လည်း အတင်းပေးစားတာမဟုတ်ဘဲ တမင်လူကိုညှိုးနေတာ အသိသာကြီး။

အဲ့တာကြောင့် အဲ့ဒီကောင်လေးရှိတဲ့နေရာဆို ကျိရန်ကဝေးဝေးရှောင်တယ်။အဲ့ဒီကုတ်ဆွဲဖို့ကောင်းတဲ့မျက်နှာကို မြင်ရင်ကျက်သရေအဖြာဖြာတုံးလွန်းလို့ ​ကိုယ်ကဦးအောင်စရှောင်တာ။အခုလည်း ဘယ်မေဂျာမှာရှိနေလဲမသိပေမဲ့ ကျိရန်တွေ့ချင်နေတဲ့လူကိုတော့ ရှာရဦးမှာပဲ။

" ကျွန်တော်က အင်ဂျင်နီယာဒုတိယနှစ်ကျောင်းသား ဝမ်ရိပေါ်ကို လာရှာတာပါ "

" ဝမ်ရိပေါ်လား? ဝမ်ရိပေါ်ဆိုရင်တော့ ဒီနေ့ကျောင်းမလာဘူးဗျ။ကျွန်တော်က ဝမ်ရိပေါ်နဲ့တစ်ခန်းတည်းလေ။ဝမ်ရိပေါ်က သူ့အမျိုးသားလာခေါ်လို့လိုက်သွားတာ နေ့လည်ကတည်းက။ကျောင်းကို ပြန်လာမယ် မထင်ဘူး "

" အမျိုးသား?ဝမ်ရိပေါ်က အိမ်ထောင်ရှိတာလား"

" ဝမ်ရိပေါ်လက်ထပ်ထားတာ တစ်ကျောင်းလုံးသိတယ်ဗျ။ဝမ်ရိပေါ်အမျိုးသားက ပေကျင်းမြို့ဝန်ကြီးချုပ်ရဲ့သားလေ ။ပြောရရင် ဝမ်ရိပေါ်က ဝန်ကြီးသားမက်ပေါ့ "

မျိုးတူ ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်ထားတာတယ်!

ဝန်ကြီးချုပ်ရဲ့သားမက်!

A Marriage ( ပန်းကလေးငယ်ငယ်) Complete Where stories live. Discover now