" မောင် ခဏလောက်ထပါဦး "
" မောင်! ခဏလောက်ထပါဦးဆိုနေတာကို ဝမ်ရိပေါ် မင်းထမလားမထဘူးလား "
မောင်ရေ ဘာရေလုပ်နေတုန်းက မထဘဲပေကပ်အိပ်လို့ရပေမဲ့ နှုတ်ဖျားသီကဝမ်ရိပေါ်ဆိုတဲ့ နာမည်ကြီးအရင်းကိုပြောလာမှတော့ ရိပေါ်ဆက်ပြီးမအိပ်ရဲတော့ပေ။ချစ်သည်းက တစ်ခြားနေရာမှာဆိုရင်သာ သည်းခံမယ်။ဒီလိုမျိုး သူခေါ်ရင်မထူးတာတို့၊သူစကားပြောရင်နားမထောင်တို့ ဘာတို့ဆိုရင် မရဘူး။
မျက်တောင်ဖျားများကို ဖွင့်ဟတော့ အိပ်ယာပေါ်မှာ ဒူးနှစ်ချောင်းထောင်ပြီးထိုင်နေတဲ့ ချစ်သည်း။မီးရောက်မိန်ပျပျအောက်မှာတောင် လှရက်လွန်းသူက ဝမ်ရိပေါ်ရဲ့အမျိုးသားဖြစ်နေရတာ ဝမ်ရိပေါ်အရင်ဘဝက နိုင်ငံကိုလွတ်လပ်ရေးရအောင်လုပ်ပေးခဲ့လို့များလား။
" ချစ်သည်း ဘာဖြစ်လို့လဲ ပြောပါခဗျာ "
" မင်းနိုးနေရက်နဲ့ မထတာမလား "
" ချစ်သည်းရယ် ချစ်သည်းနှိုးနေတာကို မောင်ကမထဘဲ တမင်နေရက်ပါ့မလား။အခုရော ဘာလိုချင်လို့လဲ ချစ်သည်း "
" ငါ ~ "
ပြောသင့်မပြောသင့်ချိန်ဆနေပုံရတဲ့ ချစ်သည်းက နှုတ်ခမ်းတစ်ထော်ထော်နဲ့။ ခေါင်းသေးသေးလေးထဲ ဘာတွေစဥ်းစားနေလဲမသိ။ထောင်ထားတဲ့ ဒူးနှစ်ချောင်းပေါ် ခေါင်းလေးစောင်းပြီး ကျုံ့ကျုံ့လေး နေနေတဲ့ချစ်သည်းငယ်ကြောင့် သူ့ရင်ထဲဗလောင်ဆူသွားရ၏။ဘာလုပ်လို့ ဘာကိုင်ဂမလဲ မသိဖြစ်နေကာ ချစ်သည်းကလည်း တအိအိနဲ့မျက်ရည်များသွန်းချလာသည်။
ချစ်သည်း အခုရက်ပိုင်း စိတ်အတက်အကျတအားမြန်နေတာ ရိပေါ်သတိထားမိသည်။အလုပ်ထဲမှာဆိုလည်း နေလို့မကောင်းလို့ အိမ်ကိုစောပြန်ခဲ့ရတဲ့ရက်တွေ စိပ်လာ၏။အရင်လို တီတီတာတာလုပ်ဖို့မပြောနဲ့။ရိပေါ်ရဲ့ ချွေးနံ့ကို မခံနိုင်လို့ဆိုပြီး နောက်ကျောပေးအိပ်တာ။အချွဲတုန်းလေးက သိသိသာသာစိမ်းကားနေတော့ ဝမ်ရိပေါ် နေလို့ထိုင်လို့မကောင်းပါ။
" မောင့်ကိုပြောပြလေ ချစ်သည်းရဲ့။ငိုနေရင် မျက်လုံးတွေနာနေမှာပေါ့ "