CHAPTER (1-2)

662 83 0
                                    

ဟန်မြို့တော်သို့ပြန်ရောက်သောအခါ ရွမ်ယွီသည် ဇာတ်လမ်းအသစ်ကိုစရေးကာ သုံးရက်အတွင်း စာမူကြမ်းကို ပြီးစီးအောင်ရေးလိုက်နိုင်သည်။ ၁၁ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရွမ်ယွီအတွက် အတွေးအခေါ်ကောင်းကောင်း ရရှိခဲ့ခြင်းဖြစ်ပေသည်။

ထို့နောက် စာကြမ်းကို ရှန်မင်ယင်ဆီသို့ မေးလ်ပို့လိုက်ကာ အောက်ပါအတိုင်း ပြန်စာများကိုရခဲ့သည်။

[ဒီ၀တ္ထုက နင်နဲ့ ရွှီဟွိုက်စုန့်တို့ အကြောင်းမလား]

[အဲ့လိုပြောလို့ရပါတယ်]

[မင်းသမီးက မင်းသားကို တစ်ဖက်သက်ကြိုက်နေတဲ့ သနားစရာဇာတ်လမ်းအကြောင်းကို တကယ်ကြီးရေးတော့မယ်ပေါ့လေ ]

ရှန်မင်ယင်၏စကားလုံးများသည် ထိမိလှသည်။
ရွမ်ယွီသည် အသံဖိုင်ဖြင့်သာ ပြန်ပို့လိုက်သည်။ "ငါက ကိုယ့်သေတွင်းကိုယ် တူးပါ့မလား။ အတ္ထုပ္ပတ္တိမှ မဟုတ်ဘဲနဲ့ဟာ ။ မင်းသားကသာ မင်းသမီးကို ပြန်မကြိုက်ဘူးဆိုရင် ဘယ်လိုလုပ် အချစ်ဇာတ်လမ်းဖြစ်ပါတော့မလဲ ။ "

ရွှီဟွိုက်စုန့်က သူမကိုမကြိုက်ခဲ့သော်လည်း ဝတ္ထုထဲတွင်မူ ချဲ့ကား၍ရေးနိုင်ပေသည်။ တစ်ဖက်သက်အချစ်ဇာတ်လမ်းကို နှစ်ဦးနှစ်ဖက်ချစ်ကြိုက်သွားကြသော ဇာတ်လမ်းအဖြစ် ပြောင်းလဲပုံဖော်မည်ဟု ရွမ်ယွီတွေးထားသည်။

ရှန်မင်ယင်သည် ‌စနောက်လိုဟန်ဖြင့် " ကောင်းသားပဲ၊ ဒါဆို ဒီ၀တ္ထုက စာရေးသူရဲ့ ကိုယ်ပိုင်ကွန့်မြူးထားတဲ့ ဇာတ်လမ်းလေးပေါ့နော်။ " ဟုဆိုသည်။ သူ့စကားသည် မမှားသောကြောင့် ရွမ်ယွီသည် ဆွံ့အသွားမိသည်။

"ဟုတ်ပြီလေ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ် ၊ ရွှီဟွိုက်စုန့်လိုမျိုး အရပ်ရှည်ရှည်‌နဲ့ အေးတိအေးစက်ယောက်ျားမျိုးက အခုခေတ်မှာ သိပ်ပြီးခေတ်မစားတော့ဘူးဟ ။  ‌ပြီးတော့ ကျောင်းတွင်းဇာတ်လမ်းမျိုးလည်း ဖြစ်နေသေးတော့ အရမ်းပေါက်မယ်တော့ မထင်ဘူး။ "

ရွမ်ယွီသည် ထိုစကားများကို အရေးမစိုက်ဘဲ ရယ်မောလျက် ပြန်ပြောလိုက်သည်။ "ကြိုးတော့ကြိုးစားကြည့်မယ်လေ၊ မပေါက်ဘူးဆိုရင်လည်း အပျော်ရေးတယ်လို့ပဲ သဘောထားလိုက်မယ်လေ။ နင်လည်းပြောခဲ့တာပဲလေ ကိုယ်ပိုင်ကွန့်မြူးချက်ဇာတ်လမ်းဆိုပြီးတော့ ။ "

ကြမ္မာဖန်သော ပျော်ရွှင်မှုजहाँ कहानियाँ रहती हैं। अभी खोजें