CHAPTER (8-2)

392 69 4
                                    

ရွမ်ယွီမှာ ဆိုဖာပါ်မှ ထခုန်လုမိမတတ်ဖြစ်သွားသည်။ ဘယ်အချိန်က သူငယ်ချင်းအဖြစ်အပ်လိုက်မိကြောင်း မသိတော့ချေ။ မတော်တဆထိမိသွားခြင်းပေလော။ ထိုသို့ဆိုလျှင် မည်သို့မှတ်ချက်ရေး၍ တောင်းဆိုခဲ့မိချေသနည်း။

သူမ မမှတ်မိတော့ပါ၊ ဆိုဖာပေါ်မှထကာ လမ်းအနည်းငယ်လျှောက်လိုက်သည်။ ထို့နောက် ဆိုဖာဆီပြန်လာ၍ ဆံပင်အားကလိနေမိသည်။

တစ်ဘက်တွင်လည်း ရွှီဟွိုက်စုန့်မှာ ရွမ်ယွီမိတ်ဆက်စာအဖြစ်ပို့လိုက်သော စာသားကိုကြည့်ရင်း ပြုံးလိုက်သည်။

ဘာသဘောနဲ့ပို့တာပါလိမ့်။

ဆန်ဖရန်စစ္စကိုတွင် မနက်အစောပိုင်းသာ ရှိသေးလေသည်။ ရွမ်ယွီမှာ ရွှီဟွိုက်စုန့် အမေရိကန်သို့ပြန်သွားသည်ကို မသိသဖြင့် ဤအချိန်ကြိီး၌ စာပို့မိခြင်း ဖြစ်ပေသည်။

ရွှီဟွိုက်စုန့်မှာ ကော်ဖီတစ်ငုံသောက်ရင်း သူမထံမှစာကို စောင့်နေသည်။ သို့သော်လည်း ထပ်မံ၍ စာပို့လာခြင်းမရှိချေ။

ဤသို့တိတ်ဆိတ်နေခြင်းမှာ အထက်တန်းကျောင်းတက်ခဲ့စဉ် သုံးနှစ်တုန်းကအတိုင်းပင်ဖြစ်သည်။ နှစ်ယောက်စလုံးမှာ တစ်ကိုယ်တော်ဇာတ် ကခဲ့မိကြခြင်း ဖြစ်လေသည်။ ပြဇာတ်တူသော်လည်း ဇာတ်ဆောင်အချင်းချင်း တစ်ဘက်လူ၏ ဇာတ်ကွက်ကိုမသိသကဲ့သို့ပင် နှစ်ယောက်စလုံးမှာ ကိုယ်စီခံစားချက်များကို ရင်တွင်း၌သာ သိမ်းဆည်းထားခဲ့ကြမိလေခြင်း ဖြစ်ပေသည်။

နှစ်များစွာကြာပြီးနောက်တွင်တော့ သူတို့နှစ်ဦးကြားရှိ ကန့်လန့်ကာမှာ ပွင့်လာပြီဖြစ်သည်။

ရွှီဟွိုက်စုန့် ဆဲလ်ဖုန်းအား ကြည့်နေလိုက်သည်။ ခဏခဏကြည့်ဖြစ်နေသည်က ကျင်းကျန်းဝက်ဘ်ဆိုက်ပင်ဖြစ်သည်။ မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့လျှောက်သွားလျက် ညအမှောင်တွင်ပင် လင်းထင်းနေသောမြို့အား ကြည့်လိုက်မိသည်။ မီးအလင်းရောင်များမှာ အဝေးရှိ ရေမျက်နှာပြင်သို့ပါ ထင်ဟပ်နေ၍ လေတိုက်လိုက်သောအခါ တည်ငြိမ်သောပင်လယ်ပြင်တွင် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now