CHAPTER (7-3)

396 64 0
                                    

လျိုမောက်၏မေးခွန်းကို ဖြေရမည့်အစား ရွမ်ယွီ ပြန်မေးလိုက်မိသည်။ "မစ္စတာလျို၊ ရှင့်အစီအစဉ်အတိုင်းဆို ဒီအမှုကို ဘယ်လိုကိုင်တွယ်မယ် စိတ်ကူးထားလဲ"
လျိုမောက်လည်း အတန်ငယ် အံ့ဩသွားပြိီးနောက်တွင် ပြန်ဖြေလာသည်။ " တည့်ပြောရမယ်ဆိုရင်တော့ စာမူခိုးခံရတာကို သက်သေပြဖို့ပဲ "

ရွမ်ယွီမှာ တူညီသော အစီအစဉ်ပင်ဖြစ်သောကြောင့် " အာ "ဟု ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်။
လျိုမောက်က သတိထားမိသွားကာ ပြန်မေးလာသည်။ " ဘာဖြစ်လို့လဲ၊ တစ်ခုခုဖြစ်တယ်ဆို ကျွန်တော့်ကို ပြောလို့ရပါတယ်၊ ရှေ့နေအနေနဲ့မဟုတ်ဘူးဆိုရင်တောင် မိတ်ဆွေအနေနဲ့ ကူညီပေးလို့ရပါတယ် "

ရွမ်ယွီမှာ တုန့်ဆိုင်းနေမိသည်။ " ကျွန်မစဉ်းစားနေတာက ကျွန်မဝတ္ထုက မူလဖြစ်တယ်ဆိုတာကို သက်သေပြချင်တယ်ဆိုရင်ရော အမှုအတွက်အဆင်ပြေပါ့မလားဆိုတာကိုပါ "

တစ်ဘက်မှ ခေတ္တတိတ်ဆိတ်သွားသဖြင့် ရွမ်ယွီလည်း အလိုက်သိစွာ ပြုံးလိုက်မိသည်။ "ထားလိုက်ပါတော့၊ ကျွန်မ....."

"ရတာပေါ့" လျိုမောက်က ကြားဖြတ်ကာ ပြောလာသည်။

"ရတယ်လား"

လျိုမောက်က အတန်ငယ်တွေးနေပြီးနောက်တွင် ဆက်ပြောလသည်။ "ဟုတ်ကဲ့၊ ရနိုင်ပါတယ်....."

သူ့အသံမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ရွမ်ယွီထင်နေမိသည်။ " မိတ်ဆွေအနေနဲ့ ကူညီပေးတာဆိုရင်တော့ မဖြစ်နိုင်တာကို အတင်းအကြပ် လုပ်ပေးဖို့မလိုပါဘူးနော် "

"မဟုတ်ပါဘူး"

ရုတ်တရတ် အသံမြှင့်ကာ‌ ​အော်လိုက်တာဖြစ်သဖြင့် ရွမ်ယွီမှာ ပဲ့တင်သံကိုပင် ကြားလိုက်ရလေသည်။

ထို့ကြောင့် "မစ္စတာလျို၊ စပီကာဖွင့်ထားတာလား" ဟု မေးလိုက်မိသည်။

"ဟုတ်ကဲ့၊ ဆောရီးနော်၊ ခဏလောက်စောင့်ပေးမလား၊ ကျွန်တော့်လက်မှတ်လိုတဲ့ စာရွက်စာတမ်းကိစ္စလေးတွေရှိနေလို့"

"ရပါတယ်"

ရွမ်ယွီသည် ဖုန်းမချလိုက်သော်လည်း တစ်ဘက်မှအသံကို မကြားရတော့ပေ။ အနီးရှိစင်မှ သတင်းစာများကို စူးစမ်းကြည့်နေလိုက်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now