CHAPTER (17-2)

139 24 0
                                    

ည ၁၁ နာရီထိုးသည်အထိ ရွှီဟွိုက်စုန့်မှာ ဟိုတယ်တွင် အိပ်လိုက်မိသည်။ နိုးလာသောအခါ  ရွမ်ယွီ၏ weibo ကို ထုံးစံအတိုင်း ဖွင့်ကြည့်လိုက်မိသည်။

သူမ၏ weiboတွင် လွန်ခဲ့သောနှစ်ရက်ခန့်မှ ပြန်စကာ မှတ်ချက်နှင့် စာတိုပို့ခြင်းများကို ပြန်လည်ခွင့်ပြုပေးထားသော်လည်း ပို့စ်အသစ်မတင်ရသေးချေ ။ ယခုအခါတွင်မူ စာအသစ်တင်ထားသဖြင့် ရွှီဟွိုက်စုန့် အံ့ဩသွားမိသည်။

ဝမ်ရှန်း : [ ကျွန်မတောင်းပန်ပါတယ် <တိုးတ်ိုးလေး ပြောပြချင်သေးတယ်> ကို ဆက်မရေးဖြစ်လောက်တော့ပါဘူး၊ ကျင်းကျန်းက ငွေတွေကို ပြန်ပြီးပေးသွားပါ့မယ်၊ ဒီဆုံးဖြတ်ချက်က လတ်တလောဖြစ်ထားတဲ့ ကိစ္စနဲ့လည်း မသက်ဆိုင်ပါဘူး၊ အားလုံးပဲ ကောင်းသောညချမ်းလေး ပိုင်ဆိုင်ကြပါစေ ]

ရွှီဟွိုက်စုန့်မှာ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မှတ်ချက်များကို လိုက်ဖတ်ကြည့်လိုက်မိသည်။

အားလုံးလိုလိုမှာ အံ့အားသင့်နေကြပြီး နှမြောတသဖြစ်နေကြလေသည်။ " မလုပ်ပါနဲ့ " " ဘယ်လိုဖြစ်လို့လဲ "

ရွမ်ယွီကမူ ဘယ်သူ့ကိုမှ ပြန်လည်ဖြေကြားထားခြင်း မရှိချေ။ ထိပ်ဆုံးရှိမှတ်ချက်ကိုမူ စာရေးသူက like လုပ်ထားကြောင်းကို တွေ့နိုင်ပေသည်။ ထိုမှတ်ချက်အား ရွမ်ယွီက ထောက်ခံဟန်တူသည်။

ရွှီဟွိုက်စုန့်လည်း ထိုမှတ်ချက်အား ဖတ်ကြည့်ပြီးနောက် ဖုန်းကိုချကာ ပြုတင်းပေါက်ဖွင့်ကာ လေဝင်စေလိုက်သည်။ နောက်ဆုံးတွင် ဖုန်းခေါ်လိုက်တော့သည်။ " တစ်ခုခုသွားသောက်ရအောင် "

ဘားရောက်သောအခါ ည ၁ နာရီထိုးနေပြီဖြစ်သည့်အတွက် လျိုမောက်မှာ မျက်လုံးကို အနိုင်နိုင်ဖွင့်ထားရသည်။ ရှင်းလင်းနေသော ပတ်ဝန်းကျင်ကိုကြည့်ကာ ရွှီဟွိုက်စုန့်လက်ထဲရှိ ဖန်ခွက်ကို လှမ်းယူလျက် ပြောလိုက်သည်။ " သောက်ရင်း စကားမပြောတတ်ဘူးလား၊ အခုလိုအချိန်မှာ ငါအရမ်းအိပ်ငိုက်နေမယ်လို့ရော မတွေးမိဘူးလား "

ရွှီဟွိုက်စုန့်က နောက်ဖန်ခွက်တစ်ခုကို ထပ်ယူလိုက်လေသည်။ အနည်းငယ် ရီဝေနေပြီဖြစ်သော်လည်း သတိကောင်းလျက်တော့ ရှိသေးပေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now