CHAPTER (15-1)

242 37 1
                                    

ရွမ်ယွီ ဝရန်တာထောင့်တွင် ထိုင်ချလိုက်ပြီး လက်ထဲတွင် ဆဲလ်ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားကာ စိုးရိမ်မှုများကို ကြိုးစား၍ဖြေဖျောက်နေလိုက်သည်။

ရွှီဟွိုက်စုန့်က ပြောလာသည်။ " ပုံမှန်ဆိုရင်တော့ လူဆိုးတွေက ဒီလိုမလာတတ်ပါဘူး၊ ဟုတ်တယ်ဆိုရင်တောင် အခုလိုမျိုး ဖောက်ထွင်းမှာတော့ မဟုတ်ဘူး၊ အခု မင်းမှာ လုပ်စရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက လက်ရှိတည်နေရာနဲ့ တိုက်ခန်းကို မန်နေဂျာ ဒါမှမဟုတ် အစောင့်ရဲ့ ဖုန်းနံပါတ်ကို ပို့ပေးလိုက်ပါ ၊ ဒုတိယတစ်ခုကတော့ ဘယ်သူလဲဆိုတာ သွားကြည့်ရင်း ဆဲလ်ဖုန်းကိုပါ တစ်ပါတည်းယူသွားပေးပါ "

သူ့ညွှန်ကြားချက်များသည် မြန်ဆန်၍ ပြတ်သားလှပေသည်။ ရွမ်ယွီလည်း ထိုသူပြောသည့်အတိုင်း  လိုက်လုပ်လိုက်တော့သည်။ အချက်အလက်များ ပို့ပေးပြီးနောက် မတ်တပ်ရပ်လိုက်သောအခါ တံခါးဘဲလ်မြည်သံကို ထပ်မံကြားလိုက်ရပြန်သည်။ ဤအကြိမ်တွင်မူ နှစ်ကြိမ်ဆက်တိုက် မြည်လာလေ၏ ။

ရွှီဟွိုက်စုန့်ကလည်း ကြားလိုက်ရသဖြင့် ပြောလာလေသည်။  " အသံမပေးလိုက်နဲ့ဦး ၊ အပြင်မှာ မသင်္ကာစရာလူတွေ့လို့ရှိရင် သူတို့ကလည်း ဘာမှလုပ်ဖို့ မကြိုးစားသေးဘူးဆိုရင် အထဲကနေ တံခါကိုမဖွင့်လိုက်ပါနဲ့ ၊ တံခါးကနေ ၇ မီတာလောက်ခွာပြီးရင် ဖုန်းစပီကာဖွင့်လိုက်ပါ ၊ ပြီးရင် ကျွန်တော့်နာမည်ကို အကျယ်ကြီးခေါ်လိုက်ပြီး  အဝတ်လျှော်နေတုန်းမို့ ကျွန်တော့်ကို တံခါးဖွင့်ခိုင်းတဲ့ပုံစံပြောလိုက်ပါ "

ရွှီဟွိုက်စုန့် ညွှန်ကြားချက်များကို တိုတိုပြတ်ပြတ်ပြောပြရင်း ရွမ်ယွီအား နားလည်လွယ်အောင် လုပ်ပေးနေရသည်။ " အကယ်၍ ကျွန်တော့်နာမည်ကို ခေါ်ပြီးတဲ့အထိ သူတို့ကမပြန်သေးဘူးဆိုရင် တံခါးကို အထဲကနေပိတ်ထားပြီး ရဲကိုချက်ချင်းခေါ်လိုက်ပါ "

ရွမ်ယွီက ရွှီဟွိုက်စုန့်မမြင်နိုင်သည်ကိုမေ့ပြီး ခေါင်းညိတ်လိုက်မိသည်။ ခါးကိုင်းထားရင်း ​ဖြည်းညင်းစွာ ဧည့်ခန်းကိုဖြတ်လျက် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ချောင်းကြည့်ပေါက်မှ ချောင်းကြည့်လိုက်ပြီး  အသက်အောင့်ထားလိုက်မိသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now