CHAPTER (12-2)

341 56 0
                                    

ရွှီဟွိုက်စုန့်လည်း သက်ပြင်းခိုးချလိုက်ကာ ကြောင်လေးအားချီ၍ လမ်းလျှောက်ထွက်လာလိုက်ရသည်။ ရေချိုးခန်းမရောက်ခင် လမ်းတစ်ဝက်တွင် ပြန်လှည့်လာကာ မေးလိုက်မိသည်။ "ဘယ်လိုရေချိုးပေးရမှာလဲ"

"ရှင့်ရဲ့ကြောင် မဟုတ်ဘူးလား"

ရွှီဟွိုက်စုန့် ခေါင်းခါပြလိုက်သည်။

ဘယ်သူကများ သူ့ဆီမှာ ကြောင်လာအပ်ထားရတာလဲ ။

ရွမ်ယွီက အတွေးလွန်နေလေသည်။ ထို့နောက် တစ်ဖန်ထပ်၍မေးသံကို ကြားလိုက်ရသည်။

"ဘယ်လိုရေချိုးပေးရမှာလဲ"

ဘယ်ကစပြောရမည်ကို ရွမ်ယွီ စဉ်းစားနေရသည်။

"ကြောင်သုံးရှန်ပူရှိလား၊ ရေသုတ်သဘက် ၊ ကြောင်သုံးဘရပ်ရှ် နဲ့ အခြောက်ခံစက်တွေရောရှိလား"

ရွှီဟွိုက်စုန့်က ခေါင်းညိတ်ပြလာသည်။

"Frontline (သန်းသတ်ဆေး)လည်း ရှိတယ်မလား"

"အင်း"

"ဒါဆိုရင် ရေချိုးကန်ထဲမှာဖြစ်ဖြစ် ဘေစင်မှာဖြစ်ဖြစ် ချိုးပေးလို့ရတယ်၊ ၃၅-၄၀ ဒီဂရီလောက် ရေအပူချိန်နဲ့ ချိုးပေး၊ သတိထားရမှာက ....."

သူပြောလို့မဆုံးခင်မှာပင် ရွှီဟွိုက်စုန့်က ကြောင်လေးအား အောက်ချလိုက်ကာ လပ်တော့ပ်ဆီ လမ်းလျှောက်လာလေသည်။ "ခဏနော်" ဟုပြောကာ လပ်တော့ပ်ကို ကောက်ကိုင်လျက် ရေချိုးခန်းဆီ လျှောက်သွားနေသဖြင့် ရွမ်ယွီ ကြောင်သွားမိသည်။

ဖန်သားပြင်က လှုပ်ခါနေသည်။ သူဘာလုပ်ဖို့ ကြံနေတာလဲ ။

ရွှီဟွိုက်စုန့်က လပ်တော့ပ်ကို ဘေစင်ပေါ်တင်လိုက်လေသည်။ ထို့နောက် ဘာတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားပြန်သည်။ ရွမ်ယွီမှာ တစ်ယောက်တည်း ကျန်ခဲ့၍ "မသွားနဲ့ဦးလေ"ဟု ပြောလိုက်သော်လည်း မမီတော့ချေ။

ကင်မရာထဲ၌ တံခါးဖွင့်ထားသော ရေချိုးခန်းကိုသာ မြင်နေရသဖြင့် ရွမ်ယွီ မသက်မသာဖြစ်လာမိသည်။

ခဏကြာသော် ရွှီဟွိုက်စုန့်သည် ကြောင်လေးနှင့်အတူ အခြားပစ္စည်းများကိုယူကာ ပြန်ရောက်လာသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now