CHAPTER (13-2)

369 50 5
                                    

ခဏအကြာတွင် screen တစ်ခုလုံးအပြည့်တက်လာသော weibo profile နာမည်များကြောင့် ရွမ်ယွီမှာ အံ့အားသင့်သွားမိသည်။ ရွှီဟွိုက်စုန့်က ပို့လာခြင်းဖြစ်ပေသည်။ လည်ဖြတ်ပေးမည့် အာဏာပါးကွက်သားကို စောင့်ဆိုင်းနေသော လူစာရင်းနှင့်ပင် တူလှပေသည်။

ရွှီဟွိုက်စုန့် : [စာတမ်းထဲမှာ သူတို့ကိုပါ စာရင်းထည့်ထားလိုက်]

စီးပွားရေးအရပင်ဖြစ်သော်လည်း ရွမ်ယွီ အထင်ကြီးသွားမိသည်။ ရွမ်ယွီ : [အခုလို အားထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာရွှီ]

စာပြန်လာခြင်းမရှိပေ။ ခေါင်းလောင်းသံမြည်လာသဖြင့် ရွမ်ယွီလည်း ဖုန်းကိုချထားလိုက်သည်။ ရှန်မင်ယင်ရောက်လာခြင်း ဖြစ်ပေသည်။

ရှန်မင်ယင်မှာ ကျင်းကျန်းတွင် အယ်ဒီတာဆက်မလုပ်တော့ဘဲ သူ့ကောင်လေးနှင့်အတူ အွန်လိုင်းမှ ဈေးအရောင်းအဝယ်လုပ်နေပေသည်။ သူမမှာလည်း ရွမ်ယွီလိုပင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အလုပ်လုပ်စရာမလိုသဖြင့် ရွမ်ယွီထံ လာလည်ခြင်းဖြစ်ပေသည်။

ရှန်မင်ယင်အား ရွမ်ယွီပထမဆုံးပြောသောစကားမှာ "ငါကို နှစ်သိမ့်ပေးစရာမလိုဘူးနော်၊ အခုက အသားကျပြီး အဆင်ပြေနေပြီ" ဟူ၍ဖြစ်သည်။

"မဟုတ်ပါဘူးဟယ်" ရှန်မင်ယင်သည် ဧည့်ခန်းထဲ တန်းဝင်သွားလေသည်။ "ငါလာတာ ချန်ရှီရှီအကြောင်း အတင်းတုပ်မလို့"

ရွမ်ယွီမှာ ရှန်မင်ယင်အား မနေ့ကပင် ချန်ရှီရှီအကြောင်း ပြောပြထားလေသည်။ တွေးကြည့်ရပါက ချန်ရှီရှီမှာ ရှန်မင်ယင်၏ ရန်သူတော်ဖြစ်ပေသည်။

ရွမ်ယွီစာရေးသည့်အလုပ်နှင့် အသက်မွေးဝမ်းကြောင်း စတင်ခဲ့ချိန်က ရှန်မင်ယင်မှာ ဘွဲ့ရပြီးအလုပ်ရှာမရသေးသဖြင့် ကျင်းကျန်း၌ ခေတ်ဟောင်းအချစ်ဝတ္ထုများအတွက် အယ်ဒီတာ လုပ်ရန်အကြံပေးခဲ့လေသည်။ ရွမ်ယွီမှာမူ နှစ်နှစ်ခန့် ‌ခေတ်‌ဟောင်းအချစ်ဝတ္ထုများရေးပြီးနောက် ငြီးငွေ့လာခဲ့လေသည်။ ထိူအချိန်တွင် ရှန်မင်ယင်အား ကျင်းကျန်းမှ သူမ၏အယ်ဒီတာအဖြစ် ခန့်လိုက်လေသည်။

ဝတ္ထုရေးနေစဉ်အတွင်း သူမတို့နှစ်ဦး၏ ဆက်ဆံရေးကို ဖိုရမ်တွင် အမည်မဖော်လိုသူ တစ်ယောက်က ဖော်ထုတ်လိုက်လေသည်။ ထိုပုဂ္ဂိုလ်က အယ်ဒီတာသည် အကြံပြုချက်များထဲမှ အကောင်းဆုံးနေရာအား သူမသူငယ်ချင်းအတွက် အမြဲဖယ်ထားပေးခဲ့တာဖြစ်သည်ဟု စောဒကတက်လာခဲ့သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now